ထီးလင်း မြို့နယ် အောင်းကျေးရွာမှာ လည်ပတ်ပြုပြင် ထိန်းသိမ်းရေး ရန်ပုံငွေ ကောက်ခံထားမှု စစ်ဆေး ကြည့်ရှု့

Village Maintenance Fund Records Monitored by Respective Officials

Magway, 14 October 2020, SkyNet Media Coverage

မကွေးတိုင်း ဒေသကြီး ဂန့်ကော ခရိုင် ထီးလင်း မြို့နယ် အောင်း ကျေးရွာ အုပ်စု အောင်းကျေးရွာမှာ ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်း တစ်ခု ချင်းစီအတွက် လည်ပတ်ပြုပြင် ထိန်းသိမ်းရေး ရန်ပုံငွေ ကောက်ခံ ထားရှိမှု ဆိုင်ရာ စစ်တမ်းတွေကို အောက်တိုဘာလ ၁၂ ရက်နေ့လည် ၁ နာရီက အုပ်ချုပ်ရေးမှူး ရုံးမှာ ကောက်ယူခဲ့တယ်လို့ သိရပါတယ်။

လူထု ဗဟိုပြု စီမံကိန်းက တာဝန်ရှိ ဝန်ထမ်းတွေက ကျေးရွာမှာ ရှိတဲ့ အုပ်စု အုပ်ချုပ်ရေးမှူး၊ လူထု ဗဟိုပြု စီမံကိန်း ကော်မတီ ဝင်တွေနဲ့ တွေ့ဆုံပြီး၊ ကျေးရွာ ၃၃ ခုမှာ စီမံကိန်း ၄ နှစ်တာအတွက် လုပ်ငန်းခွဲ စုစုပေါင်း ၄၆၇ ခုအတွက် အောက်တိုဘာလ ဒုတိယအပတ်အတွင်း အပြီး ကောက်ယူမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်း - ကျော်ဇေယျ (CSAG)

#CFW, #CERP, #DRD, #MOALI

Credit –SkyNet Media Coverage