ပြည်ထောင်စုနှင့် ပြည်နယ်တာဝန်ရှိသူများ တွန်းဇံမြို့နယ်တွင် ကွင်းဆင်းကြည့်ရှု

ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ် တွီးတွမ်းကျေးရွာမှာ မတ်လ ၁ ရက်နေ့ မနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း နဲ့ ပတ်သတ်ပြီး တွေ့ဆုံဆွေးနွေးတယ်လို့ သိရပါတယ်။

ပြည်ထောင်စုအဆင့် ကျား-မ ရေးရာ တာဝန်ခံ ဒေါက်တာ ညွှန်းသွဲ့သွဲ့နိုင်၊ ဦးမောင်ကိုကို၊ ပြည်နယ်အဆင့် ကျား-မ ရေးရာတာဝန်ခံ ဒေါ်ဆာလာလိန်းနဲ့ တာဝန်ရှိသူတွေ ကွင်းဆင်းပြီး၊ စီမံခန့်ခွဲမှု ကော်မတီဝင်တွေ ကျေးရွာလူထုတွေနဲ့ တွေ့ဆုံပြီး၊ ကော်မတီတွေ လုပ်ဆောင်ရတဲ့ တာဝန်တွေ၊ စီမံကိန်းက ပံ့ပိုးပေးတဲ့ လုပ်ငန်းတွေ ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်တွေ စီမံကိန်း မဝင်ခင်နဲ့ ဝင်ပြီးအခြေအနေ ကွာခြားချက်တွေ ကျေးရွာရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ရေရှည်တည်တံ့ဖို့ လည်ပတ်ထိန်းသိမ်းရေး အစီအစဉ်တွေ ကျား-မ ရေးရာ ကဏ္ဍမှာ ပါဝင်တဲ့ အချက်တွေ အရေးကြီးပုံနဲ့ လူထုဗဟိုပြု စီမံကိန်းက ရရှိတဲ့ အကျိုးရလာဒ်တွေ အကြောင်း တို့ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သတင်း- မင်းမြင့်မိုရ်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank