မောက်မယ် မြို့နယ်တွင် Information Campaign နှင့် Mask များဝေငှ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးခရိုင် မောက်မယ် မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယ နှစ်စက်ဝန်း) က Covid-19 ရောဂါ ကာကွယ်ရန် လိုအပ်နေသေးကြောင်း၊ နိုးနိုးကြားကြား ရှိကြပြီး၊ ဆက်လက် ကာကွယ်နိုင်စေဖို့ ရည်ရွယ်ကာ မောက်မယ် မြို့နယ် Golf ကွင်းအတွင်း ယာယီ ပြုလုပ်ထားတဲ့ ဈေး ဝင်ထွက်ပေါက်နဲ့ မောက်မယ် မြို့အဝင်မှာ ဇွန်လ ၁၆ ရက်နေ့ မနက် ၅ နာရီကနေ ၈ နာရီ အထိ သတင်း ပြန်ကြား ဆက်သွယ်ရေးဆိုင်ရာ Information Campaign တွေကို ကျင်းပ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ Campaign ကို မောက်မယ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဖွေးဟွမ်ဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်သူရနဲ့ လဝက ဦးစီးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက ဝန်ထမ်းတွေက ပူးပေါင်း ပါဝင် တက်ရောက်ခဲ့ကြပြီး၊ ဈေးရောင်းဈေးဝယ်တွေနဲ့ ပြည်သူလူထုတွေကို Covid-19 ရောဂါ ကာကွယ်ရေးနဲ့ ပတ်သတ်တဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခြင်း၊ စီမံကိန်းနဲ့ ပတ်သတ်တဲ့ သတင်း အချက်အလက်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါဆိုင်ရာ အသိပညာ ပေး ပိုစတာတွေ ဖြန့်ဝေခြင်းကို ပြသထားခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး၊ အဝတ်စ နှာခေါင်းစည်း အခုရေ ၁၀၀၀ ကို ဈေးရောင်း ဈေးဝယ်တွေကို တစ်ဦး ချင်းစီအလိုက် အခမဲ့ အခမဲ့ ဝေငှ ခြင်းတွေ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။

သတင်း- တင်အောင်မိုးမြင့်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank