Covid-19 ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for work စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

Cash for Work Activities under Covid-19 Economic Relief Plan in Lemyethna

Ayeyarwaddy, 13 October 2020, Myanmar Digital News

လေးမျက်နှာ ၁၃ အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ထားသော Covid-19 ကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် (Cash for work) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ နှင့် တာဝန်ရှိသူများက ယနေ့ ညနေ ၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေး‌/လက်ဦးစီးမှူး ဦးစိုးကျော်သူနှင့် စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာများက Covid-19 စီးပွားရေး ကုစားမှုအစီအစဉ်အရ (Cash for work) စီမံကိန်းလုပ်ငန်း များ အကော်အထည်ဖော် ဆောင်ရွက်နေသည့် လေးမျက်နှာမြို့နယ် ရှားဖြူကျင်းကျေးရွာ ရွာအဝင်လမ်း ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများအား အရည်အသွေး ကောင်းမွန်ပြီး စံချိန်စံညွှန်းများ ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)

Credit- Myanmar Digital News

#CFW, #CERP, #DRD, #WorldBank, #NCDDP

http://www.mdn.gov.mm/my/covid-19-kaal-ciipaarekucaamuaciiacny-cerp-phng-akeaangathnnypheaa-cheaangrklkriseaa-cash-work