ချင်း ပြည်နယ်နှင့် စစ်ကိုင်းတိုင်း တို့ရှိ ကျေးရွာများတွင် Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

Cash for Work Activities in Chin and Sagaing Regions Completed 100 Percent

Chin and Sagaing, SkyNet Media Coverage

ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ချင်း ပြည်နယ်အတွင်း ကျေးရွာပေါင်း ၁၁၁ ရွာမှာ Cash for Work စီမံကိန်းနဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း ၁၄၉ ခုကို ဇူလိုင်လ စတုတ္ထပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာ အခုအခါ လုပ်ငန်း အားလုံး‌ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

ကျေးရွာ တစ်ရွာလျှင် စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ နဲ့ ကျေးရွာ ၁၁၁ ရွာမှာ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း စုစုပေါင်း ၁၄၉ ခုကို ကျေးလက်နေပြည်သူများကို ကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်စေပြီးတော့ လုပ်အားခ ပေးချေ စနစ်နဲ့ ဆောင်ရွက်ခဲ့တာကြောင့် ချင်းပြည်နယ် အတွင်းရှိ ခရိုင် ၄ ခရိုင်မှာ မြို့နယ် ၈ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၁၁ ရွာမှာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ မိသားစု ဝင်ငွေ ရရှိခဲ့ကြောင်း ညွှန်ကြားရေးမှူး ဦးကြည်စောထံမှ သိရပါတယ်။……

အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ကလေးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆ ရွာမှာ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းခွဲပေါင်း ၁၁ ခုကို ဇူလိုင်လ တတိယပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အခုအခါ လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်။

အဆိုပါ လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာ ပံ့ပိုးမှု အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ကျေးရွာ တစ်ရွာလျှင် စီမံကိန်း ထောက်ပံ့ ငွေ သိန်း ၁၀၀ စီနဲ့ ကျေးလက်နေ ပြည်သူများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီးတော့ လုပ်ငန်းအားလုံး ရာနှုန်းပြည့် အောင်မြင်စွာ ပြီးစီးပြီ ဖြစ်ပါတယ်။

သတင်း -ဇော်မင်းဌေး

Credit – SkyNet Media Coverage

#CFW, #CERP, #DRD, #MOALI