ညောင်တုန်းမြို့နယ် အတွင်းရှိ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

Completion of Cash for Work Project Activities in Nyaungdon Monitored by Respective Officials

Ayeyarwaddy, MOI Webportal

ညောင်တုန်း စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ Cash For Work စီမံကိန်း ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လုပ်ငန်းများအားလုံး ပြီးစီးမှု အခြေအနေကို မြို့နယ် ကျေး/လက် ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထက်အောင်နှင့် တာဝန်ရှိသူများက (Cash For Work) စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော အောက်ဆည် ကျေးရွာအုပ်စု၊ တလုတ်ထော်ကုန်းကျေးရွာ အတွင်းလမ်း အရှည် ၆၀၀ ပေ၊ အကျယ် ၆ ပေ၊ အမြင့် ၆ လက်မထု ကွန်ကရစ် လမ်းခင်းခြင်း၊ ကျေးရွာတွင်းလမ်း အရှည် ၁၄၉၀ ပေ၊ အကျယ် ၈ ပေ၊ အမြင့် ၂ လက်မထု မြေသားလမ်းဖောက်လုပ်ခြင်းနှင့် စွန်တနီးကျေးရွာ အုပ်စု၊ မနီကုန်းကျေးရွာလမ်း အရှည် ၄၈၀ ပေ၊ အကျယ် ၆ ပေ၊ အမြင့် ၆ လက်မထု ကွန်ကရစ် လမ်းခင်းခြင်း၊ ကျေးရွာတွင်းလမ်း အရှည် ၃၀၀၀ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၈ လက်မထု မြေသား ဘောင်ခတ်သဲခင်းခြင်း လုပ်ငန်းများအားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီးမှု အခြေအနေကို ကြည့်ရှု စစ်ဆေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့စေရေး၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.facebook.com/MOIWebportalMyanmar/photos/pcb.3181808855280292...