ကြာအင်းဆိပ်ကြီးမြို့နယ်တွင် Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

Cash for Work and Village Revolving Fund Project Activities in Kyainseikgyi Completed 100 Percent

Bago, 24 September 2020, Ministry of Information

ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၂၄

ကိုဗစ်-၁၉ ဖြစ်ပွားနေမှု အခြေအနေအရ နိုင်ငံတော် အစိုးရက ချမှတ် အကောင်ထည်ဖော် ဆောင်ရွက်လျက် ရှိသည့် စီးပွားရေး ကုစားမှု CERP Plan အရ ကျေးလက် ဒေသနေ တိုင်းရင်းသား ပြည်သူများ အလုပ် အကိုင်အခွင့် အလမ်းများ ရရှိစေရေး မိမိတို့ ကျေးရွာအတွင်း လမ်းတံတားနှင့် အခြေခံ အဆောက်အဦးများ ဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် မိမိတို့ကိုယ်တိုင် ကိုယ်ကျ လုပ်ကိုင်ဆောင်ရွက်ပြီး လုပ်အားခ ဝင်ငွေများ ရရှိစေရေးအတွက် Cash for Work စီမံကိန်း လုပ်ငန်းများနှင့် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်စေရေး အတွက် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ချေးငွေများကို စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းများကို ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်တွင် CERP အစီအစဉ်အရ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း Cash for Work စီမံကိန်းဖြင့် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း (၁၀၀)ဖြင့် စုစုပေါင်းကျေးရွာ (၁၅) ရွာအား ငွေကျပ်သိန်း (၁၅၀၀) ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား ဒေသခံ ကျေးလက်ပြည်သူများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လမ်းပြုပြင်ခြင်း လုပ်ငန်း (၁၃) ခု ကျန်းမာသန့်ရှင်းရေး (၁) ခု ကျေးရွာပိုင် အားကစားကွင်း ပြုပြင်ခြင်း (၁) ခု လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထို့နောက် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများတွင် (Type-1) ကျေးရွာ (၄) ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း (၃၀၀)၊ (Type-2) ကျေးရွာ (၃) ရွာအား တစ်ရွာလျှင် ငွေကျပ် သိန်း (၂၀၀) နှင့် (Type-3) ကျေးရွာ (၁) ရွာ ငွေကျပ်သိန်း (၁၀၀) ဖြင့် စုစုပေါင်း ကျေးရွာ (၈) ရွာ ငွေကျပ်သိန်း (၁၉၀၀) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် စီမံကိန်း ကျေးရွာများမှ ဒေသခံပြည်သူများမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေး ဝမ်းကြောင်းနှင့် အရောင်းအဝယ် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျက်ရှိရာ ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်နေပြီး ဖြစ်ကြောင်း မြို့နယ် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးရန်နိုင်ထံမှ သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)

ကရင်ပြည်နယ်

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/12635