ဖားဆောင်းမြို့နယ် ကျေးရွာ ၁၁ ရွာမှာ Cash for Work စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

Cash for Work Activities in 11 Villages of Hpasawng Completed 100 Percent

Kayah, SkyNet Media Coverage

၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖားဆောင်းမြို့နယ် ကျေးရွာ ၁၁ ရွာမှာ CERP အစီအစဉ်အရ Cash for Work စီမံကိန်းနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိရာ အခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

ဖားဆောင်းမြို့နယ် အတွင်း CFW စီမံကိန်း ကျေးရွာတွေ ဖြစ်တဲ့ ဖားဆောင်း တောင်ပေါ်၊ နန်းကစ်၊ ပါပု၊ စုစည်း၊ ခဲမဖြူ၊ ဝမ်အောင်း၊ ကျောက်ပဲညို၊ မော်ချီးအောက်၊ မော်ချီးတောင်ပေါ်၊ လိုခါးလို နဲ့ ရေပူ ကျေးရွာတွေမှာ စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ စီနဲ့ မြေသားလမ်းပေါ် ရိစာတင်ခြင်း လုပ်ငန်း ၄ ခု၊ ရေပြွန် ၄ စင်း၊ ရေပိုက်လိုင်း သွယ်တန်းခြင်း၊ ကျောက်ရောမြေမှ ကွန်ကရစ် အဆင့်မြင့်ခြင်း လုပ်ငန်း ၃ ခု၊ ရေနုတ်မြောင်း တူးဖော်ခြင်း၊ ရေကန်နဲ့ ကျောင်း ခြံစည်းရိုး ခတ်ခြင်း လုပ်ငန်းတွေကို ကျေးရွာလူထု လုပ်အားနဲ့ ဆောင်ရွက် ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ လုပ်ငန်းတွေကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နည်းပညာ ပံ့ပိုးမှု၊ CFW စီမံကိန်း ထောက်ပံ့ငွေ ကျပ် သိန်း ၁၀၀ နဲ့ ကျေးရွာ လူထု လုပ်အားကို အသုံးပြုပြီး၊ လုပ်အားခ ၆၀ ရာခိုင်နှုန်း၊ ပစ္စည်းတန်ဖိုး ၄၀ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage