မိုင်းဖြတ်၌ Cash for Work စီမံကိန်း ကျေးရွာနှင့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP) ကျေးရွာသို့ ကွင်းဆင်း ကြည့်ရှု စစ်ဆေး

မိုင်းဖြတ် ၊ သြဂုတ် ၉

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နေပြည်တော် (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်ဝင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် သြဂုတ်လ၉ရက် နံနက် ၈နာရီခွဲက မိုင်းဖြတ်မြို့သို့ ရောက်ရှိလာပြီး Cash for Work စီမံကိန်းဆောင်ရွက်သည့် ကျေးရွာနှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမောင်ဝင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကျိုင်းတုံမှ ညွှန်ကြားရေးမှူး ဒေါ်ညွှန့်ကြည်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဆားလို့အုပ်စု၊ နမ့်ဟွေလုံကျေးရွာတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွား ခြင်းကြောင့် ကျေးလက်ဒေသ ပြည်သူများအား ၎င်းတို့၏ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကိုယ်တိုင် ဆောင်ရွက်စေ၍ လုပ်အားခ ထောက်ပံ့ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ Cash For Work စီမံကိန်း ထောက်ပံ့ငွေ (၁၀.၀၀) ကျပ်သန်းဖြင့် ဆောင်ရွက်သည့် လမ်းအရှည် ၆၀၀ပေ၊ အကျယ်၃ပေ (၂လမ်းသွား)၊ ထု၆လက်မ ကွန်ကရစ်ခင်းခြင်း ( Wheel Track) အမျိုးအစား ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေပြည်သူ များနှင့်တွေ့ဆုံကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့်အဖွဲ့သည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံကာ မိမိတို့ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင် ရွက်နေသည့်လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး၊ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးတို့ကို လမ်းညွှန် မှာကြားပြီး ဝန်ထမ်းများ၏စားဝတ်နေရေးများ အဆင်ပြေစေရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ယင်းနောက် နိုင်ငံတော်၏ကိုဗစ်-၁၉စီးပွားကုစားမှု အစီအစဉ်ကို အထောက်အကူပြုစေရေးအတွက် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်သည့် ဆွပ်ပန်း (ရှမ်း) ကျေးရွာ ဘုန်းကြီးကျောင်း၌ ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက ဆွပ်ပန်း (ရှမ်း)အတွက် ရန်ပုံငွေကျပ်သိန်း (၁၀၀)ကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ညွှန့်ကြည်က ဆွပ်ပန်း(အာခါ)အတွက် ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ကို လည်းကောင်း ကော်မတီဝင်များထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။

 

ထို့နောက် ကျေးရွာနေပြည်သူများ၏ တင်ပြချက်များအရ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ရေးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

#ရွှေကို(မိုင်းဖြတ်)

https://web.facebook.com/permalink.php?story_fbid=2708798952728763&id=2346832112258784