ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူ နဲ့အဖွဲ့ ကွမ်းခြံကုန်း မြို့နယ်ရှိ စီမံကိန်း လုပ်ငန်းများကို ကြည့်ရှု့စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူဟာ ဩဂုတ်လ ၁၅ ရက်နေ့က ညွှန်ကြားရေးမှူးချုပ်တွေ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ အတူ ကွမ်းခြံကုန်း မြို့နယ် ထင်းပုံဆိပ် ကျေးရွာမှာ CERP အစီအစဉ်အရ Cash for Work စီမံကိန်း အခြေအနေတွေကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ကြပါတယ်။

 

ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူဟာ ကျေးလက်ဒေသနေ မိသားစုတွေ ဝင်ငွေ နည်းပါး လာမှုနဲ့ စားဝတ်နေရေး အခက်အခဲတွေ ကုစားပေးနိုင်ဖို့အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်းနဲ့ မြေသားလမ်း ရေမြောင်း တူးဖော်တာ၊ ဘက်စုံသုံး ခန်းမ ခြံစည်းရိုး ကာရံခြင်း အခြေအနေတွေကို ကြည့်ရှု့ စစ်ဆေးပါတယ်။

 

ဆက်လက်ပြီး တာဝန်ရှိသူတွေရဲ့ ရှင်းလင်းတင်ပြချက်တွေ အပေါ်မှာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်တာတွေကို လမ်းညွှန်မှာကြားခဲ့ပြီးတဲ့နောက် လူထု ဗဟိုပြု စီမံကိန်းနဲ့ ၃ နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လှည့်လည် ကြည့်ရှု့ စစ်ဆေးတယ်လို့ သိရပါတယ်။

 

သတင်း - မင်းမြင့်မိုရ် (ငါးဇွန်)

#CERP, #CFW, #DRD, #MOALI

Credit- SkyNet Media Coverage