မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်ရည်ရွယ်၍ Cash for Work စီမံကိန်းဆောင်ရွက်ရန်အတွက် မိတ်ဆက်ရှင်းလင်း ပွဲကျင်းပ

နတ်မောက် ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ ထိခိုက်မှုများကို တုံ့ပြန်ဆောင် ရွက်သည့် အနေဖြင့် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရွာသာလေး ကျေးရွာဘုန်းတော်ကြီးတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းသူရက ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကျေးလက်ဒေသများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ ကျေးရွာဖွံ့ဖြိုး ရေး လုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေ၍ လုပ်အားခငွေ ထောက်ပံ့ပေးခြင်းအားဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ Cash For Work စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စီမံကိန်း လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာ ကော်မတီဝင်များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

အဆိုပါ Cash For Work စီမံကိန်းကို ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၀၀) စီဖြင့် ရွာသာလေး၊ ကျွန်းဖိုစမ်း၊ ဝါးရုံကုန်း ၊ ချောင်းနက်၊ ကျောင်းကုန်း၊ မကျီးချို၊ ညိုသုမျှောင် ၊ ပိတောက်ငုတ်(ရွာကြီး) လယ်ပြင်ကန်၊ ကြက်သောက်တွင်း၊ အိုင်မ၊ သီးချောင်းကျေးရွာများသို့ အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။

လှဝင်း (နတ်မောက်)

#CERP, #CFW, #DRD, #MOALI

 

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/7/07/2020/id-22954