ဆီဆိုင်မြို့နယ်၊ လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေး

NCDDP’s Activities in Hsihseng Monitored by Respective Officials

Shan, 24 September 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ကမာ္ဘ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်လျှက် ရှိတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)မှာ အကောင်အထည် ဖော်လျှက်ရှိတဲ့ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို စက်တင်ဘာ ၂၂ ရက်နေ့က မြို့နယ် စီမံကိန်း ရေးဆွဲရေး နှင့် အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ/ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် နှင့် အဖွဲ့ဝင်များ၊ ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်း၊ မြို့နယ် လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးခွန်ဇော်မျိုးထွန်း ၊ မြို့နယ် နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးဟန်မင်းစိုး နှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရူ ့စစ်ဆေးခဲ့ပါတယ်။

နားခိုက် ကျေးရွာ အုပ်စု နားခိုက် ကျေးရွာ၊ နားသံ ကျေးရွာအုပ်စု၊ နားမွန်း ကျေးရွာ၊ နောင်လွယ် ကျေးရွာ၊ ပုံးအင်း ကျေးရွာအုပ်စု၊ ဝမ့်ပုံး ကျေးရွာ၊ ကွန်ဆိုင်း ကျေးရွာများမှာ ဆောင်ရွက် ထားရှိတဲ့ ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်း၊ ဆရာ/ဆရာမနား နေဆောင် တည်ဆောက်ခြင်း လုပ်ငန်း၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်း၊ စင်မြှင့် ရေ လှောင်ကန် နှင့် ရေသွယ်ယူခြင်း လုပ်ငန်းတို့ကို ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့ပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank