ဖရူဆိုမြို့နယ်အတွင်း CFW စီမံကိန်းများ ရာနှုန်းပြည့်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး

Cash for Work Project Activities in Hpruso Completed 100 Percent

Kayah, 23 September 2020, Myanmar Digital News

ဖရူဆို ၂၃ စက်တင်ဘာ

နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလားမှုနှင့် စားဝတ်နေရေး အခက်များကို ကုစားနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project) များအား ကယားပြည်နယ် အတွင်း မြို့နယ်(၇)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် အတွင်း ကျေးရွာ(၂၄)ရွာတွင် တစ်ရွာလျှင် Cash for Work စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာမှ ရွေးချယ်သော ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ပေးချေခြင်းဖြင့် လတ်တလော ဝင်ငွေ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သည်။

အဆိုပါ CFW စီမံကိန်းရန်ပုံငွေဖြင့် ဖရူဆိုမြို့နယ်အတွင်း ကျေးရွာ(၂၄)ရွာတွင် ဆောင်ရွက်ခဲ့သော လုပ်ငန်းရပ် များမှာ ကျေးရွာတွင်းလမ်းနှင့် ကုန်ထုတ်လမ်းများ ပြုပြင်ခြင်း (၃၂) ခု၊ ရေရရှိရေးလုပ်ငန်း (၈) ခု၊ အများပိုင် အဆောက်အဦးများ၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း (၅)ခုနှင့် အခြားလုပ်ငန်း (၃)ခုဖြစ်ပြီး ရန်ပုံငွေပေါင်း ကျပ်သိန်း (၂၄၀၀)ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ Cash for Work စီမံကိန်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ Covid-19 စီပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုခြင်း၊ ပြည်သူများ ချက်ချင်းဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေး အတွက် လိုအပ်သော အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှု ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လယ်ယာသားငါး ကဏ္ဍ ဖွံ့ဖြိုးမှုကို အထောက်အကူပြု ခြင်းများအပြင် ကျေးရွာနေ ပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှု အလေ့အထကောင်းများ အား ကောင်းလာစေခြင်း စသည့် အကျိုးကျေးဇူးများကို မြင်တွေ့ခံစားကြရမည် ဖြစ်သည်။

လင်းသန့်မေ(ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – Myanmar Digital News

http://www.mdn.gov.mm/index.php/my/phruuchiumiunyattng-cfw-ciimnkinmaa-raanunpnnyaeaangmngcaa-akeaangathnnypheaa-cheaangrkpiicii