မကွေးတိုင်း ဒေသကြီး အတွင်းမှာ ရှိတဲ့ ကျေးရွာပေါင်း၂၄၉ ရွာမှာ Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်

Cash for Work Project Covering 249 Villages of Magway Region

Magway, SkyNet Media Coverage

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မကွေးတိုင်း ဒေသကြီး အတွင်းမှာ ရှိတဲ့ ကျေးရွာပေါင်း၂၄၉ ရွာမှာ ကိုဗစ် ကာလ အရေးပေါ် တုန့်ပြန်ရေး အစီအစဉ် တစ်ခု အဖြစ် Cash for Work စီမံကိန်းနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက် လျက် ရှိကြောင်း သိရပါတယ်။

၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ မကွေးတိုင်း ဒေသကြီး အတွင်းမှာ ရှိတဲ့ ကျေးရွာပေါင်း၂၄၉ ရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် သိန်း ၂၄၉၀၀ နဲ့ ကျေးရွာတွင်းလမ်းတွေ ပြုပြင်ခြင်း လုပ်ငန်း ၁၇၃ ခု၊ ရေရရှိရေး လုပ်ငန်း ၆၁ ခု၊ ကျန်းမာ သန့်ရှင်းရေး လုပ်ငန်း ၁၇ ခု၊ အဆောက်အအုံ ပြုပြင်ခြင်း လုပ်ငန်း ၉ ခု၊ အခြား လုပ်ငန်း ၇ ခု၊ လုပ်ငန်းခွဲ စုစုပေါင်း ၂၆၇ ခုကို ကျေးရွာ ပြည်သူတွေ ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ပြီး၊ လုပ်အားခ ပေးချေခြင်း စနစ်နဲ့ သက်ဆိုင်ရာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တွေရဲ့ ကြီးကြပ်မှုနဲ့ ဇူလိုင်လ စတုတ္ထပတ်ကနေ စတင်ပြီး၊ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အခုအခါ လုပ်ငန်းတွေ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက တိုင်းဒေသကြီး ဦးစီးမှူး၊ ဦးမျိုးအောင်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

သတင်း - သူရိန် (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage

https://youtu.be/xkmG1gxYg0o