ကလေးဝ မြို့နယ် ကျေးရွာပေါင်း ၆ ရွာမှာ Cash for Work စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

Cash for Work Activities in 6 Villages of Kalewa Completed 100 Percent

Sagaing, SkyNet Media Coverage

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးခရိုင် ကလေးဝ မြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာပေါင်း ၆ ရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ နဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဩဂုတ်လ တတိယပတ်ကနေ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာ ယခု အခါ လုပ်ငန်းတွေ အားလုံး ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရပါတယ်။

Cash for Work စီမံကိန်းနဲ့ ခေါမ၊ ဝင်းပဲနဲ့ မန်လုံ ကျေးရွာတွေမှာ ကျေးရွာတွင်း လမ်း ကွန်ကရစ် ခင်းခြင်း၊ ဟင်တင်ကျေးရွာမှာ ကွန်ကရစ် ခင်းခြင်းနဲ့ ရေပိုက် သွယ်တန်းခြင်း လုပ်ငန်း၊ အုန်းပင်စု ကျေးရွာမှာ ရွာတွင်းလမ်း ဂျင်းမြေခင်းခြင်း လုပ်ငန်း၊ ဝခန်းကြီး ကျေးရွာမှာ ရေပိုက်လိုင်း သွယ်တန်းခြင်းနဲ့ ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းတွေကို ကလေးဝ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရဲ့ နည်းပညာ အကူအညီနဲ့ ကျေးလက်နေ ပြည်သူတွေကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရက်ခဲ့ကြောင်း ကလေးဝ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်မိုင်နီလာထွေးဆီက သိရပါတယ်။

သတင်း - ဇော်မင်းဌေး

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage