ကျောက်တံခါးမြို့နယ် Cash for Work စီမံကိန်းကို ကျေးရွာ ၁၁ ရွာမှာ ဆောင်ရွက်

Bago, SkyNet Media Coverage

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေး ထိခိုက်မှု ကုစားရေး အစီအစဉ် (CERP) အရ Cash for Work စီမံကိန်းကို မြို့နယ် အတွင်းက ကျေးရွာ ၁၁ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

ဂုံမင်းကွင်း၊ လှည်းဘီးကွဲ၊ သပြေကုန်း၊ ထီးလပ်၊ ရွာသစ်၊ ကြိုကုန်း၊ ကျောက်ခဲအင်း၊ ဇလုပ်ကြီး၊ ရေအေး၊ မြို့ချောင်းနဲ့ ကြိုင်းအုံ ကျေးရွာ စတဲ့ ကျေးရွာ ၁၁ ရွာက လမ်းဘေး ရေနုတ်မြောင်း တူးဖော်တာ၊ လမ်းမြေသား ဖို့တာ ကွန်ကရစ်ခင်းတာ ကျောက်ရောမြေခင်းတာ မြေထိန်း နံရံ တည်ဆောက်တာ ရေပြွန်တည်ဆောက်တာနဲ့ ခြံစည်းရိုးခတ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေကြတာပါ။

အဲဒီလုပ်ငန်းတွေကို စက်တင်ဘာလ ၁၀ ရက်နေ့က မြို့နယ် ကျေးလက် ဦးစီးမှူး ဒေါ် ဆွေဆွေမြင့်နဲ့ ဝန်ထမ်းတွေက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း - ခင်ကို (ကျောက်တံခါး)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage