ရေဖြူမြို့နယ် မဲတော ကျေးရွာမှာ Cash for Work စီမံကိန်းနဲ့ အိမ်တိုင်ရာရောက် ရေရရှိရေး ဆောင်ရွက် ပြီးစီး

Tanintharyi, SkyNet Media Coverage

 

တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ်အတွင်းမှာ ရှိတဲ့ မဲတော ကျေးရွာမှာ Cash for Work စီမံကိန်းနဲ့ ရာနှုန်းပြည့် ပြီးစီးသွားတဲ့ လုပ်ငန်းတွေကို တာဝန်ရှိသူတွေက စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

 

ကွင်းဆင်း စစ်ဆေးရာမှာ ထားဝယ်ခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး (နည်းပညာ) ဦးစိုးဝေနဲ့ တာဝန်ရှိသူတွေက ကျွဲသုံး ညီမ ကျေးရွာ အုပ်စု၊ မဲတော ကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၁၀ သန်းနဲ့ ကျေးရွာနေ ပြည်သူတွေ ကိုယ်တိုင် အကောင်အထည်‌ ဖော်ဆောင်ရွက်ခဲ့တဲ့ အရှည်ပေ ၈၀၀၀ ရှိတဲ့ ရေပိုက်လိုင်း သွယ်တန်း ပြီးစီးမှုနဲ့ နေအိမ်တွေ ရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ကွင်းဆင်း စစ်ဆေးကြပြီး၊ လိုအပ်တာတွေကို မှာကြားခဲ့ပါတယ်။

 

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage