သာပေါင်း မြို့နယ် မြောက်ပန်းကုန်း ကျေးရွာ Cash for Work စီမံကိန်း လုပ်ငန်း ၉၈ ရာခိုင်နှုန်း ပြီးစီး

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ သာပေါင်း မြို့နယ် မြောက်ပန်းကုန်း ကျေးရွာမှာ ဂဝံ မြေခင်းခြင်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို စက်တင်ဘာလ ၈ ရက်နေ့ မနက် ၁၀ နာရီက ပုသိမ် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးကျော်ကျော်အောင် သာပေါင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ် ဦးစီးမှူး ဒေါ်ဝတ်ရည်စိုးနဲ့ ဝန်ထမ်းတွေက ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်တွေနဲ့အတူ လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကို ကြည့်ရှု့ စစ်ဆေးပြီး လမ်း ရေရှည် တည်တံ့ ခိုင်မြဲရေး ဝိုင်းဝန်း ထိမ်းသိန်း ကြဖို့ကို မှာကြားတယ်လို့ သိရပါတယ်။

အဲဒီ လုပ်ငန်းတွေကို အခု ဘဏ္ဍာနှစ် Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ နဲ့ ဆောင်ရွက်လျက် ရှိရာမှာ ၉၈ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - စိုးမိုးကျော်

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage