ဝေါမြို့နယ် Cash for Work နှင့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း စာရင်း ဇယားများ ကွင်းဆင်း စစ်ဆေး

Documentation for Cash for Work and Village Revolving Fund Projects in Waw Monitored by Respective Officials

Bago, 24 October 2020, Ministry of Information

ဝေါ အောက်တိုဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေ (VRFP) စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ပဲခူးခရိုင်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းဦး၊ ဝေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဟိန်းဇော်နှင့် တာဝန်ရှိသူများက အောက်တိုဘာလ ၂၃ ရက်နေ့က လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး ခြင်းနှင့် လုပ်ငန်းပြီးစီးမှု စာရင်း ဇယားများ စစ်ဆေးခြင်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဝေါမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း ကျေးရွာဖြစ်သည့် အဗျားထမင်းဆိုင် ကျေးရွာ၏ စီမံကိန်း စာရင်းဇယားများ ဖြည့်သွင်း ထားရှိမှု၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုနှင့် Cash for Work စီမံကိန်း ကျေးရွာဖြစ်သည့် ဧကရာဇ်ကျေးရွာ မြေသား ရေကန် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ရေရှည် တည်တံ့ ခိုင်မြဲရေးနဲ့ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက် သွားကြရန် ဆွေးနွေး မှာကြား ခဲ့ကြောင်း သိရသည်။

ဟိန်းမာန်(ပြန်/ဆက်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/18079