ကြာအင်းဆိပ်ကြီး မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် စီမံကိန်း လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်

ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၁၃

ကရင်ပြည်နယ် ကော့ကရိတ် ခရိုင် ကြာအင်း ဆိပ်ကြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်ဒေသများ ဖွံ့ဖြိုး တိုးတက် လာစေဖို့ အတွက် ကျေးလက်ဒေသမှာ ရှိတဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူတွေကို လျှပ်စစ်မီး ရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု စီးပွား ဘဝနဲ့ ဒေသ ထွက်ကုန်များကို အချိန်မှီ လွယ်ကူစွာ ထုတ်လုပ် သယ်ဆောင်စေနိုင်ဖို့အတွက် လမ်းပန်း ဆက်သွယ်ရေး ချောမွေ့စေဖို့ လမ်းတံတား လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ ဆက်လက်ပြီး Covid-19 ဖြစ်ပွားမှု အခြေအနေအရ စီးပွားရေး ကုစားမှု အနေနဲ့ ကျေးလက်နေ တိုင်းရင်းသား ပြည်သူများ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေဖို့အတွက် နိုင်ငံတော် အစိုးရက ချမှတ် အကောင် အထည် ဖော် ဆောင်ရွက်နေတဲ့ CERP Plan အရ Cash for Work စီမံကိန်း လုပ်ငန်းတွေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် နိုင်စေဖို့အတွက် ကျေးရွာ မတည် ရန်ပုံငွေ VRFP စီမံကိန်း လုပ်ငန်းများကိုလည်း အကောင်အထည် ဖော်ဆောင်နေတယ်လို့ သိရပါတယ်။ ဦးစီးဌာနအနေနဲ့ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေတွေကို သွားရောက် မေးကြည့်တဲ့အခါ တာဝန်ရှိသူ တစ်ဦးက အခုလို ပြောကြားခဲ့ပါတယ်။

“ကျမကတော့ ကြာအင်း ဆိပ်ကြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးစီးအရာရှိ (နည်းပညာ) ဒေါ်မိခင်မိုး ဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို တင်ပြမှာ ဖြစ်ပါတယ်၊ ကျမတို့ ၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ ကျမတို့ ကြာအင်း ဆိပ်ကြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကုန်ထုတ်လမ်း ၂ ခုနဲ့ ရေပေးရေးက မူလ ပြည်ထောင်စု ရန်ပုံငွေ နဲ့ ကျေးရွာ ၁၄ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးတော့ ပြည်နယ် ဘတ်ဂျတ်နဲ့ လုပ်ငန်း ၂ ခု၊ ကျေးရွာ ၂ ရွာမှာ ဆောင်ရွက်ခဲ့တယ်။ ပြည်ထောင်စု မွမ်းမံ ရန်ပုံငွေနဲ့ ကျေးရွာ ၂ ရွာမှာ လုပ်ငန်း ၂ ခု ဆောင်ရွက်ခဲ့တယ်။ နောက် EAC အလှူရှင် လှူဒါန်းမှုနဲ့ ကျေးရွာ ၂ ရွာမှာ ဆောင်ရွက်ခဲ့တယ်၊ စုစုပေါင်း ရေပေးရေး လုပ်ငန်း ၂၀ ကို ဆောင်ရွက်ခဲ့ပါတယ်။”

“ကိုဗစ် ၁၉ ဖြစ်ပွားမှု အခြေအနေအရ နိုင်ငံတော် အစိုးရမှ စီးပွားရေး ကုစားမှု CERP အစီအစဉ် အရ Cash for Work စီမံကိန်းနဲ့ ကျေးရွာ ရန်ပုံငွေ စီမံကိန်း ၂ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ Cash for Work စီမံကိန်းမှာ ကြာအင်း ဆိပ်ကြီး မြို့နယ် အတွင်း ကျေးရွာ ၁၅ ရွာ ၊ ကျေးရွာ တစ်ရွာလျှင် ရန်ပုံငွေ သိန်း ၁၀၀ နှုန်းနဲ့ ရန်ပုံငွေ သိန်း ၁၅၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ကျေးလက်လမ်း ပြုပြင်ခြင်း လုပ်ငန်း ၁၄ ခု၊ ကျေးလက် ရေပေးရေး လုပ်ငန်း ၁ ခုနဲ့ ကျေးရွာ အားကစားကွင်း ပြုပြင်ခြင်း လုပ်ငန်း တစ်ခု စုစုပေါင်း လုပ်ငန်းခွဲ ၁၆ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ VRFP စီမံကိန်းနဲ့ ကြာအင်းဆိပ်ကြီး မြို့နယ် ကျေးရွာ ၈ ရွာမှာ ဆောင်ရွက်လျက် ရှိပြီးတော့ type 1, 2, 3 ပေါ့ ဆောင်ရွက်လျက် ရှိပါတယ်။ type 1 မှာ ဆိုရင် ကျေးရွာ တစ်ရွာကို သိန်း ၃၀၀၊ type 2 မှာ ဆိုရင် ကျေးရွာ တစ်ရွာကို သိန်း ၂၀၀ နဲ့ type 3 မှာ ဆိုရင် ကျေးရွာ တစ်ရွာလျှင် သိန်း ၁၀၀ နဲ့ စုစုပေါင်း ကျေးရွာ ၈ ရွာမှာ ‌ကြာအင်း ဆိပ်ကြီး မြို့နယ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။"

" ကြာအင်း ဆိပ်ကြီး မြို့နယ် လူထု ဗဟိုပြု စီမံကိန်းက ကျေးရွာ အုပ်စု ၃ အုပ်စုမှာ စတုတ္ထနှစ် စက်ဝန်းမှာ ကျန်ရှိတဲ့ လုပ်ငန်းတွေထဲက လုပ်ငန်းပေါင်း ၁၇ ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းများက ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း၊ ကျေးရွာ စာသင်ကျောင်း ခြံစည်းရိုး ကာခြင်း၊ မီးကြိုး သွယ်တန်းခြင်း လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျမတို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနအနေနဲ့လည်း ကျေးလက်နေပြည်သူ များရဲ့ ကျေးလက် ဖွံ့ဖြိုးရေး တိုးတက် ရေးကို အကောင်အထည် ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

သတင်း - မျိုးမင်းဦး (ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://web.facebook.com/watch/?v=343661953541663