မယ်စဲ့မြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများနှင့် အထက (ဟိုစဲ့) ရေရရှိရေး လုပ်ငန်းများအား တာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ် မယ်စဲ့ မြို့နယ်မှာ Cash for Work စီမံကိန်းနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ အထက ဟိုစဲ့ ရေရရှိရေး လုပ်ငန်းတွေကို တာဝန်ရှိသူတွေ ကွင်းဆင်း စစ်ဆေးတဲ့ သတင်းကို တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ်။

ကယားပြည်နယ် ဘော်လခဲ ခရိုင်မယ်စဲ့ မြို့နယ်မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Cash for Work စီမံကိန်းနဲ့ ဆောင်ရွက်နတဲ့ လုပ်ငန်းတွေနဲ့ အထက ဟိုစဲ့ ရေရှိရေး လုပ်ငန်းတွေ ဆောင်ရွက်နေမှု အခြေအနေတွေကို ဩဂုတ် ၁၆ ရက်နေ့က ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးကျော်သူအောင်၊ မြို့နယ် ဦးစီးမှူး ဦးအောင်ကျော်ဦးနဲ့ စီမံကိန်း တာဝန်ခံတွေက ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ ခဲ့တယ်လို့ သိရပါတယ်။

“ဒီ နမ့်ဟူး ကျေးရွာမှာ ကျနော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုဗစ်ကာလအတွင်း CERP Covid-19 Economic Relief Plan အရ ကျေးရွာနေ ပြည်သူတွေ အိမ်ထောင်စုတွေ ဝင်ငွေ ရရှိရေးအတွက်ကို Cash for Work စီမံကိန်း ဆောင်ရွက်လျက် ရှိပါတယ်။ လက်ရှိဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကတော့ ၆၅ ရာခိုင်နှုန်းခန့် ဆောင်ရွက် ပြီးစီးပြီးတော့ ဒီ အပေါ်မှာ လုပ်အားခ အနေနဲ့ စီမံကိန်း လုပ်ငန်း တစ်ခုလုံးရဲ့ ၆၁ ရာခိုင်နှုန်းကို လုပ်အားခ အနေနဲ့ အသုံးပြု ဆောင်ရွက်လျက် ရှိပြီးတော့ ပစ္စည်း တန်ဖိုး အနေနဲ့ ၃၉ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလုပ်အားခတွေကိုလည်း ဒီကျေးရွာ မှာနေတဲ့ အိမ်ထောင်စု တွေ နေ့စဉ် ဝင်ငွေ ရရှိရေး အတွက်ကို သက်ဆိုင်ရာ ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီတွေကနေပြီးတော့ ကျနော်တို့ ခွင့်ပြု ထုတ်ပေးလျက် ရှိပါတယ်။ ကျနောတို့ ကိုဗစ်-၁၉ ကာလ အတွင်းမှာ ဒီ Cash for Work စီမံကိန်း ဆောင်ရွက်ခြင်းအား ဖြင့် ဝင်ငွေလည်းရ ကျေးရွာမှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံတွေလဲ ခိုင်ခိုင်မာမာ ရရှိတဲ့အတွက် ကျေးရွာများအနေနဲ့ လွန်စွာ အကျိုးရှိ ဝမ်းသာလျက် ရှိပါကြောင်း တင်ပြလိုက်ပါတယ်” ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးကျော်သူအောင်က ပြောကြားသည်။

မယ်စဲ့ မြို့နယ်မှာ Cash for Work စီမံကိန်းနဲ့ နမ့်ဟူး ကျေးရွာမှာ ခန်းမဆောင် ခြံစည်းရိုး ကာရန်ခြင်း၊ ၂ ခန်းတွဲ အိမ်သာ တည်ဆောက်ခြင်း၊ ဆေးပေးခန်း အဝင် ကျောက်ချောလမ်း ခင်းခြင်းနဲ့ Box Culvert တံတားတစ်စင်း တည်ဆောက်ခြင်း လုပ်ငန်း ဟိုစဲ့ ကျေးရွာ မူကြိုကျောင်း တိုးချဲ့ ပြုပြင်ခြင်း လုပ်ငန်း၊ အထက ဟိုစဲ့ စာသင်ကျောင်းဝင်းရှိ ဂါလံ ၂၃,၅၀၀ ဆံ့ Ferrocement Tank တည်ဆောက်ခြင်း လုပ်ငန်း၊ ရေပိုက် သွယ်တန်းခြင်းနဲ့ ရေမြှုပ် မော်တာ တပ်ဆင်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ပြည်နယ် ဦးစီးမှူးနှင့် အဖွဲ့က ကြည့်ရှု့ စစ်ဆေးပြီး၊ လုပ်ငန်းတွေ အချိန်မှီ ပြီးစီးရေးကို မှာကြားခဲ့တယ်လို့ သိရပါတယ်။

သတင်း - မယ်စဲ့ (ပြန်/ဆက်)

သတင်း ရိုက်ကူးရေး - ဦးဇော်မိုးဦး

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

 

https://www.moi.gov.mm/iprd/video/4939

https://web.facebook.com/watch/?v=3250754148303473&t=10