မိုင်းယောင်း မြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းများကို ကျေးရွာ ၈ ရွာမှာ အကောင်အထည်ဖော်

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းယောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုဗစ် ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ Cash for Work စီမံကိန်း နဲ့ ဝမ်ကောင်းကျေးရွာ အုပ်စု ဒွန်းကျိုင်း ကျေးရွာမှာ ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း အရှည်ပေ ၈၅၀ ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ မြို့နယ် ဦးစီးမှူး ဦးစိုင်းလောင်မန်း နဲ့ ဝန်ထမ်းများက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

အဆိုပါ ကျေးရွာမှာ Cash for Work (CFW) စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၀၀ နဲ့ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် ဆောင်ရွက်လျက် ရှိပြီး ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေ ပြည်သူများ ဝင်ငွေ ရရှိစေရန် ရည်ရွယ်ပြီး စီမံကိန်းမှာ ပါဝင်လုပ်ကိုင်နေသူများကို လုပ်အားခ ချက်ခြင်း ပေးချေပြီး ဆောင်ရွက်လျက် ရှိပါတယ်။

မိုင်းယောင်း မြို့နယ်မှာ အခု ဘဏ္ဍာရေးနှစ်မှာ Cash for Work စီမံကိန်းကို ကျေးရွာ ၈ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေတယ်လို့ မိုင်းယောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးစိုင်းလောင်မန်းထံက သိရပါတယ်။

သတင်း - မောင်ခိုင် (ကျေးသီး)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage