စေတုတ္တရာမြို့နယ် အာယောကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းပြုပြင်ခြင်းနှင့် ရေကာတာတန်း ပြုပြင်တည်ဆောက် ခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီး

စေတုတ္တရာ ဩဂုတ် ၁၇

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကြောင့် လူမှုစီးပွားဘဝထိခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေမည့် Cash For Work စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အာယောကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်း လမ်းပြုပြင်ခြင်း နှင့် ရေကာတာတန်းပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀) ဖြင့် အာယောကျေးရွာတွင် ကျေးရွာတွင်းလမ်း ပြုပြင်ခြင်းလုပ်ငန်းကို အရှည်(၅၀၀)ပေ၊ အကျယ်(၁၅)ပေနှင့် ကျေးရွာရေကာတာတန်း ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းကို အရှည်(၆၀၀)ပေ၊ အကျယ်(၆)ပေနှင့် အမြင့်(၅)ပေဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ပြီးစီးမှုရာခိုင်နှုန်းအနေဖြင့် (၉၀)ရာခိုင်နှုန်းပြီးစီး ပြီဖြစ် ကြောင်း သိရသည်။

 

စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ အကျိုး ဆက်ခံရသော ကျေးလက်ဒေသများရှိ ပြည်သူများ၏ ကျေးရွာများတွင်ကုန်ထုတ်လုပ်ငန်းများနှင့် အခြေခံ အဆောက်အအုံများကို ဖွံ့ဖြိုးရေးလုပ်ငန်းများ ‌ဆောင်ရွက်ရာတွင် ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အား ခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့်ကျေးလက်ဒေသများတွင် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်လျက် Cash For Work စီမံကိန်းအနေဖြင့် ကျေးရွာ(၈) ရွာတွင် ကျေးရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်း(၅)ခု၊ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း(၆)ခု၊ မြေသား ရေကန်ပြုပြင်ခြင်း လုပ်ငန်း(၂)ခုနှင့် ရေကာတန်းပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း(၁)ခု၊ စုစုပေါင်း စီမံကိန်း လုပ်ငန်း(၁၄)ခုတို့အား ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း(၁၀၀)စီထောက်ပံ့၍ ဆောင်ရွက် လျက်ရှိ ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်းထံမှ သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/4840