မြင်းမူမြို့နယ်တွင် Cash for Work စီမံကိန်းအောင်မြင်ရေး စီမံကိန်းဝင်ကျေးရွာကော်မတီများအား သင်တန်းပို့ချ

မြင်းမူ ဇူလိုင် ၁၇

ကိုဗစ်-၁၉ ကာလအတွင်း ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ Cash For Work စီမံကိန်းဖြင့် ကုစားအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြမည့် စီမံကိန်း ဝင်ကျေးရွာ အသီးသီးမှ ကော်မတီဝင်များအား သင်တန်းပို့ချ ပေးခြင်းလုပ်ငန်းကို ယမန်နေ့က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက သင်တန်းဖွင့်လှစ်သင်ကြားရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် သင်တန်းနည်းပြ ဦးမင်းမင်းသိုက်က cash for work စီမံကိန်းနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းကာ သင်တန်းဆရာများဖြစ်သော ဒေါ်နွယ်နွယ်ဦး နှင့် ဒေါ်သူသူတို့က ကော်မတီဝင်များ၏ လုပ်ငန်းတာဝန်များနှင့် လိုက်နာရမည့် စည်းကမ်း ချက်များ၊ ငွေကြေးစီမံခန့်ခွဲမှုနှင့် အကျုံးမဝင်သော လုပ်ငန်းဆောင်ရွက်မှုများ၊ စီမံကိန်းစက်ဝန်း လုပ်ထုံးလုပ်နည်းများ၊ စီမံကိန်းလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ လမ်းညွှန်ချက်ပုံစံများ၊ ကြီးကြပ်မှုအချက်အလက်ဆိုင်ရာများ ကောက်ယူရမည့် နည်းလမ်း ပုံစံများနှင့် ပတ်သက်၍ ရှင်းလင်းသင်ကြားပို့ချပေးခဲ့ကြောင်းနှင့် မရှင်းလင်းသည့် အချက်များ အား သင်တန်းသားများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရရှိရသည်။

ယခုဖွင့်လှစ်သင်ကြားခဲ့သည့် (၁) ရက်ကြာ သင်တန်းသို့ မြင်းမူမြို့နယ်အတွင်းရှိ စီမံကိန်းဝင် ကျေးရွာ (၆) ရွာမှ ကော်မတီဝင် (၅၄) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/17/07/2020/id-24279