မလှိုင်မြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းများကို တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

မန္တလေးတိုင်း ဒေသကြီး မလှိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဖျောက်ဆိပ်ကုန်း အုပ်စု ကက္ကိုကွက် ကျေးရွာတို့မှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ ကျေးရွာတွင်းလမ်း ဂျင်းခင်းခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်းနဲ့ မြေသားရေကန် ခြံစည်းရိုးခတ်ခြင်းများ ဆောင်ရွက်နေမှု အခြေအနေများကို စက်တင်ဘာလ ၄ ရက်နေ့က မလှိုင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒေါ်ခင်မာလွင် ဦးစီးအရာရှိ (နည်းပညာ)၊ ဒေါ်မြတ်သီရိမော် အငယ်တန်း အင်ဂျင်နီယာ (၂) နဲ့ ဝန်ထမ်းများက ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ Cash for Work စီမံကိန်းက ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ ကို အသုံးပြုပြီး၊ လုပ်အားခ ပေးချေခြင်း စနစ်နဲ့ ကျေးရွာ ပြည်သူများရဲ့ လုပ်အားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ Cash for Work စီမံကိန်းကို မလှိုင်မြို့နယ် အတွင်းရှိ ကျေးရွာ ၁၅ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

သတင်း - ဟိန်းထက်ကျော် (မလှိုင်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage