သံတောင်ကြီး မြို့နယ်အတွင်း Cash for Work စီမံကိန်း ကျေးရွာ ၉ ရွာအနက် ၆ ရွာတွင် ရာနှုန်းပြည့် ပြီးစီး

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာ ၉ ရွာမှာ Cash for Work စီမံကိန်း ရန်ပုံငွေ ကျပ် သိန်း ၉၀၀ နဲ့ ကျေးရွာတွင်း လမ်းတွေ ပြုပြင်ခြင်း၊ ဆိုင်ကယ်သွား ကွန်ကရစ် ဘီးလမ်းခင်းခြင်း၊ လမ်းဘေး ရေမြောင်း တူးဖော်ခြင်း၊ ကွန်ကရစ် တံတား တည်ဆောက်ခြင်း လုပ်ငန်း၊ တွေ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ကျေးရွာ ၆ ရွာမှာ လုပ်ငန်းတွေ ရာနှုန်းပြည့် ပြီးစီး ပြီ ဖြစ်ကြောင်း သိရပါတယ်။

 

၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် သံတောင်ကြီး မြို့နယ်အတွင်း ကျေးရွာ ၉ ရွာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ စီကို အသုံးပြုပြီး၊ Covid-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဝင်ငွေ နည်းပါးလျက် ရှိတဲ့ ကျေးလက်နေ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးခြင်းဖြင့် ဝင်ငွေ ရရှိပြီး၊ ကျေးရွာတွေရဲ့ ကုန်ထုတ်လုပ်ငန်းတွေနဲ့ အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီဌာန မြို့နယ် ဦးစီးမှူး ဦးချမ်ငြိမ်းဝင်းက ပြောကြား ပါတယ်။

 

သတင်း - သူရိန် (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage