ရှမ်းရွာသစ်မြို့ ကွီးလော်ဖလိုး ကျေးရွာတွင် Cash for Work စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ရှမ်းရွာသစ်၊ စက်တင်ဘာ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စောလောကျေးရွာအုပ်စုတွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်းမြေသားလမ်းခင်းခြင်းလုပ်ငန်းနှင့် လမ်းဘေးဝဲယာ ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများကို ဩဂုတ်လမှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာတစ်ရွာကို ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း (၁၀၀) ချထားပေးပြီး မိမိတို့ ကျေးရွာတွင် လိုအပ်သော လမ်းခင်းခြင်း၊ ရေနှုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများကို ယခုနှစ် ဘဏ္ဍာရေးနှစ် အကုန်တွင် အပြီး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းသည် နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ကုစားမှု အစီ အစဉ်တစ်ရပ် ဖြစ်ပြီး ဝင်ငွေနည်း ကျေးလက်နေ ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ခြင်းဝင်ငွေရရှိကာ ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ စီမံကိန်း လုပ်ငန်းတွင် လမ်းအရှည် (၂၂၀၀၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၉) လက်မရှိသော မြေသားလမ်း ခင်းခြင်း လုပ်ငန်းနှင့် လမ်းဘေးဝဲယာ ရေနှုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေလျှက်ရှိပြီး ယခင်ကထက် ပိုမိုဖွံ့ဖြိုးလာကာ မိသားစုများလည်း အပိုဝင်ငွေရရှိ၍ အဆင်ပြေကြ ကြောင်းကို ကျေးရွာအုပ်စု စာရေးထံမှ သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/9394