ရှမ်းရွာသစ်မြို့ စောလောကျေးရွာအုပ်စု ကွီးလော်ဖလိုးကျေးရွာတွင် Cash for Work စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ရှမ်းရွာသစ် စက်တင်ဘာ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စောလောကျေးရွာအုပ်စု ကွီးလော်ဖလိုးကျေးရွာတွင် Cash For Work စီမံကိန်း ဖြင့် ကျေးရွာတွင်း မြေသားလမ်းခင်းခြင်းလုပ်ငန်းနှင့် လမ်းဘေးဝဲယာ ရေမြောင်း တူးဖော်ခြင်း လုပ်ငန်းများကို ဩဂုတ်လမှ စတင် အကောင်အထည် ဖော် ဆောင်ရွက်ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီး ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာတစ်ရွာကို ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀၀)ချထားပေးပြီး မိမိ တို့ကျေးရွာတွင် လိုအပ်သော လမ်းခင်းခြင်း၊ ရေနှုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို ယခုနှစ်ဘဏ္ဍာ ရေးနှစ်အကုန်တွင် အပြီးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည် နိုင်ငံတော်၏ ကိုဗစ်-၁၉ကာ လအတွင်း စီးပွားရေးကုစားမှု အစီအစဉ်တစ်ရပ်ဖြစ်ပြီး ဝင်ငွေနည်းကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ခြင်းဝင်ငွေ ရရှိကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း လည်းသိရသည်။

အဆိုပါစီမံကိန်းလုပ်ငန်းတွင် လမ်းအရှည် (၂၂၀၀၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၉)လက်မရှိသော မြေသားလမ်းခင်းခြင်း လုပ်ငန်းနှင့် လမ်းဘေးဝဲယာ ရေနှုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ခွင့်ပြုငွေကျပ်(၁၀)သန်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်သည့်အတွက် ကျေးရွာနေပြည်သူများနှင့် ကျောင်းသား/သူ များ လမ်းပန်းဆက်သွယ် ရေးအဆင်ပြေလျှက်ရှိပြီး ယခင်ကထက် ပိုမိုဖွံ့ဖြိုးလာကာ မိသားစုများလည်း အပိုဝင်ငွေရရှိ၍ အဆင်ပြေကြကြောင်းကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/9370