ချောက်မြို့နယ် အတွင်း Cash for Work စီမံကိန်း လုပ်ငန်း ကျေးရွာ ၁၂ ရွာတွင် ဆောင်ရွက်ပြီးစီး

မကွေးတိုင်း ဒေသကြီး မကွေးခရိုင် ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ချောက်မြို့နယ် အတွင်းရှိ ကန်ရေကြီး (တောင်)၊ ကန်ရေကြီး (မြောက်)၊ ခပေါင်းစမ်း၊ ကြို့ပင်၊ တွင်းလပ်၊ ဘုံးဘွဲ့၊ ဆူးရစ်ကုန် ၊ ကုန်းရွာ၊ မြင်းကြိမ်လုံး၊ ကြံ့ကန်၊ နရွဲတော (အနောက်) ၊ ကြပ်ကန် စတဲ့ ကျေးရွာ ၁၂ ရွာမှာ ကျေးရွာ တစ်ရွာလျှင် Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ သိန်း ၁၀၀ ထောက်ပံ့ကာ ကျေးရွာ အဝင်နဲ့ ကျေးရွာတွင်း မြေနီ ကျောက်စရစ်ခင်းခြင်း လုပ်ငန်း ၅ ခု၊ မြေသား မိုးရေ လှောင်ကန် ပြုပြင်ခြင်း လုပ်ငန်း ၃ ခု၊ မြေသားရေကန် ရေဝင် မြောင်း တူးဖော်ခြင်း လုပ်ငန်း တစ်ခု ၊ အိမ်တိုင်ရာ ရောက် ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်း ၃ ခု၊ စုစုပေါင်း ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်း ၁၂ ခုကို အကောင် အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးနေပြီ ဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်မေသက်နိုင် ထံကနေ သိရပါတယ်။

 

သတင်း - စိုးမိုးကျော်

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage