မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာမှာ Cash for Work စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

မကွေးတိုင်း ဒေသကြီး မကွေးခရိုင် မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၁၄၀၀ နဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဇူလိုင်လ စတုတ္ထပတ်မှ စတင် အကောင်အထည်ဖော်လျက် ရှိရာ ယခု အခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ပါတယ်။

မကွေးမြို့နယ် အတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်မှာ Cash for Work စီမံကိန်းနဲ့ မြို့နယ်အတွင်းရှိ ကျွန်းပြတ်၊ တည်ပင်ကန်၊ ပဌနဂိုရ်၊ စစ်ကိုးပင်၊ မြစ်သာစည်၊ မင်းရွာ၊ ရှားပင်လှ၊ ကြာကန်၊ ကြူချောင်းရွာမ၊ လက်ဆည်ကန်၊ သက်ရင်းတော၊ အောင်ပန်းပင်၊ စိတ်ကြည်၊ ဂျုတ်ကုန်း စတဲ့ ကျေးရွာ ၁၄ ရွာမှာ ကျေးရွာ တစ်ရွာလျှင် Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ထောက်ပံ့ကာ ကျေးရွာ အဝင် နဲ့ ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ၇ ခု၊ မြေနီ ကျောက်စရင်ခင်းခြင်း လုပ်ငန်း ၂ ခု၊ မြေသား ရေသားတိုးချဲ့ ပြုပြင်ခြင်း လုပ်ငန်း ၅ ခု၊ စုစုပေါင်း ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်း ၁၄ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတာ ဖြစ်ကြောင်း၊ မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးစိုးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကိုဗစ်-၁၉ ကာလအတွင်း အလုပ်လက်မဲ့ ဖြစ်နေသူတွေ၊ ဝင်ငွေ မရှိတဲ့သူတွေ အမျိုးသမီး ဦးဆောင်တဲ့ အိမ်ထောင်စုတွေကို ဦးစားပေး ဝင်ရောက်လုပ်ကိုင် ဖေပြီးတော့ လုပ်အားခ အဖြစ် ကျား-မ မရွေး လူ တစ်ဦးကို ငွေကျပ် ၄၈၀၀ ကနေ ၆၀၀၀ ကျပ်အထိ လက်ငင်းပေးချေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

သန်းလွင် (မကွေး)

#CFW, #CERP, #DRD, #MOALI

Credit - SkyNet Media Coverage