ဆောမြို့နယ် ယောမြို့ကျေးရွာ ဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီး လူထု စစ်ဆေးပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် လူထု‌ဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်၀န်း) ယောမြို့ကျေးရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်း လုပ်ငန်း လူထုစစ်ဆေးပွဲကို ဩဂုတ်လ ၂၈ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

အဲဒီ စစ်ဆေးပွဲကို ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦး၀င်းအောင်နဲ့ ၀န်ထမ်းတွေ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနဲ့ ၀န်ထမ်းတွေ တက်ရောက်ခဲ့ကြပါတယ်။

စစ်ဆေးပွဲ စတင်ချိန်မှာ ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦး၀င်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဆောက်အဦးကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။

အဲဒီနောက် လူထုစစ်ဆေးပွဲ အစီအစဉ်တွေအတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး စစ်ဆေးပွဲ ပြုလုပ်ရာမှာ Covid19 ရောဂါ ကူးစက်ပြန့်ပွားနေတဲ့ ကာလဖြစ်တဲ့အတွက် လူစုလူဝေးပြုလုပ်ခြင်း မဖြစ်ပေါ်စေဖို့နဲ့ ရောဂါကူးစက် ပြန့်ပွားမှုတွေကို ကာကွယ်နိုင်ဖို့ လူဉီးရေ ကန့်သတ်ပြီး အကွာအဝေးများတွေ သတ်မှတ်ကာ စီမံကိန်း လုပ်ငန်းစဉ် တစ်လျှောက် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ ဘဏ္ဍာရေး ဆိုင်ရာ အသုံးစာရင်းတွေကို ကျေးရွာအတွင်းမှာ လှည့်လည်ပြီး၊ အသံချဲ့စက်သုံးကာ လှည့်လည်ကြေငြာတာ၊ ကျေးရွာကြော်ငြာသင်ပုန်းနဲ့ လူအများမြင်သာတဲ့ နေရာတွေမျာ ရှင်းတမ်းတွေကို ကပ်ခြင်းတွေကို ပြုလုပ်ခဲ့ပြီး ကျေးရွာလူထုတွေ အနေနဲ့ စီမံကိန်း ရဲ့ လုပ်ငန်းစဉ်နဲ့ ရလဒ်အပေါ် စိတ်ကျေနပ်မှုကို သိရှိနိုင်ဖို့ အိမ်တိုင်ရာရောက် စာရွက်စာတမ်းတွေ ဝေပြီး၊ မဲကောက်ယူတဲ့ နည်းလမ်းကို ကျေးရွာတာ၀န်ခံ လက်ထောက် နည်းပညာမှူး၊ လူထုစည်းရုံးရေးမှူး နဲ့ နယ်မြေ (၂ ) ဧရိယာအတွင်းမှာရှိတဲ့ ၀န်ထမ်းတွေက ဦးဆောင်ပြီး ကျေးရွာ ကော်မတီ၀င်တွေနဲ့ ပူးပေါင်းကာ လမ်းညွှန်ချက်တွေနဲ့ အညီ ကောက်ယူခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank