ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် ဂွမြို့နယ် လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေနဲ့ တွေ့ဆုံ

ရခိုင်ပြည်နယ် သံတွဲခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်က ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ဂွမြို့နယ် လူထု ဗဟိုပြု စီမံကိန်းက ဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲကို မတ်လ ၁၄ ရက်နေ့က အဲဒီ ဦးစီးဌာနမှာ ရှိတဲ့ အစည်းအဝေးခန်းမမှာ ကျင်းပပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်က ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က စီမံကိန်း ဝန်ထမ်းတွေ အနေနဲ့ လူထုဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်ခွင့် ရတဲ့အတွက် ဂုဏ်ယူ ကြစေလိုကြောင်း၊ ဝန်ထမ်းတွေဟာ တာဝန်ယူရတဲ့ ပုံစံတွေ မတူညီ သလို၊ စွမ်းဆောင်ရည်တွေဟာလည်း တစ်ဦးနဲ့ တစ်ဦး မတူညီ ကြကြောင်း၊ ဒါပေမယ့်လည်း လူထုဗဟိုပြု စီမံကိန်း အောင်မြင်ဖို့ လုပ်ဆောင်နေတဲ့ ဘုံရည်ရွယ်ချက်ခြင်း တူညီကြပြီးတော့ နားလည်မှု၊ အချင်းချင်း အပြန်အလှန် လေးစားတန်ဖိုးထားမှု တွေနဲ့ ရည်ရွယ်ချက် ပန်းတိုင်ကို ရောက်ရှိအောင် ဆောင်ရွက်ကြဖို့ လမ်းညွှန်မှာကြားတယ်လို့ သိရပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank