ပေါက်မြို့နယ် ထန်းတောကျေးရွာ ကျေးလက် အင်ဂျင်မီးလင်းရေး လုပ်ငန်း ဖွင့်လှစ် လူထု စစ်တမ်း ကောက်ယူ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ကျေးရွာမှာ ဆောင်ရွက်ပြီးစီးတဲ့ ထန်းတောအုပ်စု၊ ထန်း‌တော ကျေးရွာ ကျေးလက် အင်ဂျင်မီးလင်း‌ရေး လုပ်ငန်းခွဲကို လူထု စစ်ဆေးပွဲကို ဩဂုတ်(၂၈) ရက်နေ့ မနက် ၁၀ နာရီက အဲဒီ ကျေးရွာ ဘုန်းတော်ကြီး ကျောင်းမှာ ကျင်းပရာမှာ လူထုဗဟိုပြု စီမံကိန်းမှ နည်းပညာအကြံ‌ေပး၊ ကျားမရေးရာတာဝန်ခံ ဦးမျိုးဝင်းထွန်း၊ လက်‌ထောက် နည်ပညာမှူး ဦးဌေးလင်းမောင်၊ လူထုစည်းရုံးရေးမှူး ဦးထူးမြတ်‌ကျော်တို့မှ လူထု စစ်ဆေးပွဲ ပြုလုပ်ရတာနဲ့ ပတ်သတ်ပြီးတော့ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ရှင်းလင်း ပြောကြားခဲ့ပါတယ်။

လူထု စစ်ဆေးပွဲကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ အညီ တာဝန်ကျ ဝန်ထမ်းတွေက ဆောင်ရွက်ပြီးစီးခဲ့တဲ့ လုပ်ငန်းတွေအတွက် လူထုတွေက ကျေနပ်မှု ရှိမရှိကို ရယူဖို့ စာရွက်စာတမ်းတွေကို ဖြန့်ဝေပေးတာ ပြန်လည်ကောက်ယူတာ ရရှိလာတဲ့ လုပ်ငန်းစဉ်နဲ့ ရလာဒ် ထွက်ရှိချက်တွေကို ပွင့်လင်း မြင်သာမှု ရှိစေဖို့ အစည်းအဝေးပွဲမှာ ချပြပြီး၊ ကြော်ငြာ သင်ပုန်းမှာ ကပ်ထားပေးခဲ့ပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage