ခရမ်းမြို့နယ်တွင် Cash for Work လုပ်ငန်းများ အောင်မြင် ပြီးစီးမှုများအား ကွင်းဆင်းစစ်ဆေး

ခရမ်း ဩဂုတ် ၂၉

 

ရန်ကုန်တောင်ပိုင်းခရိုင် ၊ခရမ်းမြို့နယ်အတွင်း Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ပုဂံတောင် ကျေးရွာ၊ ရွာပတ် လမ်းအား ဂဝံရေနုတ်မြောင်း ဆောင်ရွက်ပြီးစီးမှုများကို ယမန်နေ့ နံနက် ၈ နာရီက ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

Cash For Work စီမံကိန်းအရ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၁၀၀)ထောက်ပံ့ပေးပြီး ကျေးရွာကုန်ထုတ်လုပ်မှုနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်သားအင်အား အသုံးပြုရသည့် (Labor Intensive) နည်းလမ်းဖြင့် ကျေးရွာ လူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည့် Cash For Work စီမံကိန်း ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသ ပြည်သူများကို ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ငွေပေးချေခြင်းဖြင့် ကျေးလက် ဒေသနေပြည်သူများ ဝင်ငွေရရှိစေ ရန်နှင့် ကျေးရွာအခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Cash For Work စီမံကိန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မြိုနယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစတင်မျိုးလွင်က ပြောကြား ခဲ့သည်။

 

ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် Cash For Work စီမံကိန်း ကျေးရွာ (၈)ရွာ တွင်ယခုအခါ ကျေးရွာ၅ ရွာတွင် စီမံကိန်းလုပ်ငန်းများအောင်မြင်ခဲ့ပြီး ကျန်ကျေးရွာများတွင် လုပ်ငန်း များကို ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

ခရမ်းမြို့နယ် ပုဂံတောင်ကျေးရွာတွင် ရွာတွင်းပတ်လမ်းရှည် ပေ (၁၁၀၀)ကို ၆ ပေအကျယ်၊ ၆ လက်မထုဖြင့်၍ ဂဝံမြေနီခင်းခြင်းနှင့် လမ်းဘေး ရေနုတ် မြောင်း အရှည်ပေ (၃၃၁၅) ကို ဒေသထွက် ဝါးများအသုံးပြု၍ ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်းသိရသည်။

 

ကိုမင်း(ခရမ်း)

https://www.moi.gov.mm/iprd/news/7557