ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၆ ရွာတွင် Cash For Work စီမံကိန်းဖြင့် ရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်

ဝန်းသို ဩဂုတ် ၂၆

Covid-19 Economic Relief Plan (CERP) အစီအစဉ်အရ ဆင်းရဲသောမိသားစုများ ဝင်ငွေလျော့ နည်းလာမှုနှင့် စီးပွားရေး ခက်ခဲ လာမှုများကို ကုစားပေးနိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash For Work စီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်း တိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ရှိ ကျေးရွာ(၆)ရွာတွင် အဆိုပါ စီမံကိန်းထောက်ပံ့ငွေဖြင့် ရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းဖြင့် ဝန်းသိုမြို့နယ် လေးရွာကျေးရွာတွင် ရွာတွင်းလမ်းအရှည် ၄၄၀၅ပေ ဂျင်းခင်းခြင်း၊ မော်နိုင်းကျေးရွာတွင် ကွန်ကရစ်လမ်းအရှည် ၂၆၂ပေနှင့် ဂျင်းလမ်းအရှည် ၁၂၀၀ပေခင်းခြင်း၊ ကျောက်တိုင်ကျေးရွာတွင် ကွန်ကရစ်တံတား(၂)စင်းနှင့် ရွာတွင်းလမ်းများကျောက်ရောမြေခင်းခြင်း၊ သဖန်းဆိပ်ကျေးရွာတွင် ရွာတွင်းလမ်းအရှည်ပေ ၄၀၀၀နှင့် ရေပြွန်(၃)စင်းပြုလုပ်ခြင်း၊ အရှေ့စက် ကျေးရွာတွင် ရွာတွင်းလမ်းအရှည်ပေ၂၀၀၀ ဂျင်းမြေခင်းခြင်းနှင့် မြေသားကန်မြေထိန်း ကျောက်ရိုးစီ လုပ်ငန်းပြုလုပ်ခြင်း၊ မြင်သာကုန်းကျေးရွာတွင် ကွန်ကရစ်ရေမြောင်းနှင့် ရွာတွင်းလမ်းအရှည်ပေ ၂၀၂၃ ကျောက်ရော မြေခင်းခြင်းလုပ်ငန်းများပြုလုပ်ခြင်း စုစုပေါင်းကျေးရွာ (၆) ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။

မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Cash For Work စီမံကိန်းဖြင့် ကျေးရွာ တစ်ရွာလျှင်ငွေကျပ်သိန်း ၁၀၀စီ ထောက်ပံ့၍ လုပ်အားတန်ဖိုး ၆၀ရာခိုင်နှုန်း ၊ ပစ္စည်းတန်ဖိုး ၄၀ရာခိုင်နှုန်း သတ်မှတ်ကာ လုပ်အားခပေးချေသည့်စနစ်ဖြင့် ကျေးရွာ လူထုကိုယ်တိုင် မိမိကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/6784