Covid-19 ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for work စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

လေးမျက်နှာ သြဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ‌လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ထားသော (Covid-19) ကာလ စီးပွားရေး ကုစားမှု အစီအစဉ်(CERP)အရ ကျေးလက်ဒေသနေ မိသားစု များ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် Cash for work စီမံကိန်းလုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများသို့ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်နှင့် တာဝန်ရှိသူများက ယမန်နေ့ ညနေ ၃ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီး ဦးစီးမှူး ဉီးနေထက်ရှိန်၊ ဟင်္သာတခရိုင် ကျေး/လက်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကျေး‌/လက်ဦးစီးမှူး ဦးစိုးကျော်သူနှင့် စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာများ က Covid-19 စီးပွားရေး ကုစားမှုအစီအစဉ်အရ Cash for work စီမံကိန်းလုပ်ငန်းများ အကော်အထည်ဖော်ဆောင် ရွက်နေသည့် လေးမျက်နှာမြို့နယ်၊ ရှားဖြူကျင်းကျေးရွာအုပ်စု ရှားဖြူကျင်းကျေးရွာ ရွာအဝင်လမ်း ကွန်ကရစ်ဘီးလမ်း ခင်းခြင်း လုပ်ငန်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း၊ လက်မြန်မာကျေးရွာအုပ်စု၊ နှမ်းကုန်း‌​ကျေးရွာအဝင်လမ်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းနှင့် မြေသားလမ်းခင်းခြင်း လုပ်ငန်းများအား အရည်အသွေးကောင်းမွန်ပြီး စံချိန်စံညွှန်းများ ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။

ရွှေမိုး(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/6119