တိုက်ကြီးမြို့နယ်တွင် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း(VRFP) နှင့် Cash For Work စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

တိုက်ကြီး ဩဂုတ် ၁၄

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာမတည် စီမံကိန်း (VRFP) နှင့် Cash For Work စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဘသိန်း က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းကျေးရွာ (၁၃)ရွာနှင့် Cash For Work စီမံကိန်းကျေးရွာ (၂၀)ရွာတို့အား ရန်ပုံငွေများကို ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဘသိန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်သူဦး၊ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က ကျေးရွာကော်မတီ တာဝန်ရှိသူများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။

 

တိုက်ကြီးမြို့နယ်တွင် ကျေးရွာ မတည်စီမံကိန်းရန်ပုံငွေ (VRFP)ဖြင့် ဆောင်ရွက်မည့် ကျေးရွာ (၁၃)ရွာတွင် Type – 1 ဖြင့် တစ်ရွာလျှင် ငွေကျပ်သိန်း (၃၀၀/-)ကျပ်နှုန်းနှင့် (၁၀) ရွာ၊ Type – 2 ဖြင့် တစ်ရွာလျှင် ငွေကျပ်သိန်း (၂၀၀/-)ကျပ်နှုန်းနှင့် (၂)ရွာ၊ Type – 3 ဖြင့် တစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀/-)ကျပ်နှုန်း နှင့် (၁)ရွာ၊ စုစုပေါင်း(၁၃)ရွာဖြင့် ဆောင် ရွက်သွားမည်ဖြစ်ပြီး Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်မည့်ကျေးရွာ(၂၀)ရွာအား တစ်ရွာလျှင် ရန်ပုံငွေ ကျပ်သိန်း(၁၀၀/-)နှုန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စန်းကလျာခိုင်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/4524