မကွေးမြို့နယ် ကန်သစ်ကျေးရွာတွင် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း စာရင်း ဇယားများကို ကွင်းဆင်း စစ်ဆေး

Documentation for Village Revolving Fund Project Activities in Kan Thit Village of Magway Monitored by Respective Officials

Magway, 12 November 2020, SkyNet Media Coverage

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေနဲ့ မကွေးခရိုင် မကွေးမြို့နယ် ကန်သစ်ကျေးရွာတွင် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း VRFP Type 1 ကို မတည်ငွေ သိန်း ၃၀၀ နဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်မှ စတင် ပြီးတော့ အသင်းသား စုစုပေါင်း ၁၉၆ ဦးတို့ကို အတိုးနှုန်း ပြား ၅၀ နဲ့ ချေးငွေ ထုတ်ချေး ထားရှိပြီးတော့ နိုဝင်ဘာလ ၉ ရက်နေ့က မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးကျော်ဇောဟိန်း၊ မကွေး မြို့နယ် ဦးစီးမှူးနဲ့ ဝန်ထမ်းများက မြေပြင်မှာ အကောင်အထည်ဖော် ဆောင်ရွက် ထားရှိမှုနဲ့ စာရင်း ဇယား ဖြည့်သွင်း ထားရှိမှု ပုံစံများကို ကွင်းဆင်း တည့်မတ်ပေးခဲ့ပြီး၊ ကျေးရွာ စီမံကိန်း ကော်မတီဝင်များနဲ့တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

 

သတင်း - မေဇင်ထွန်း (ကျေးလက်)

#VRFP, #NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage