ဒိုင်းပြကျေးရွာအုပ်စု ဒိုင်းပြကုန်း ကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်းသစ် ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီး

NCDDP’s Village Concret Street Construction in Daing Pya Kone Village of Daing Pya Village Tract in Hlaingbwe Accomplished

လှိုင်းဘွဲ ဒီဇင်ဘာ ၆

 

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်နေသော ကရင်ပြည် နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) ဒိုင်းပြကျေးရွာ အုပ်စု၊ ဒိုင်းပြကုန်း ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း (အရှည် ၁၅၀၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ) လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၁၆,၄၀၀,၀၀၀ ကျပ်ဖြင့် ၂၀၂၀ခုနှစ် အောက်တိုဘာလက စတင် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြီးစီးခဲ့ပြီး စတင် သွားလာခွင့်ရပြီး ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ကွန်ကရစ်လမ်းကို လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူးမခိုင်ဇင်ညို၊ လူထု စည်းရုံးရေးမှူး နန်းချောစုကြည် တို့မှအနီးကပ် ကြီးကြပ်မှု၊ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်း၊ ပြည်နယ် အင်ဂျင်နီယာ အကြံပေးနှင့် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပြီး ဒိုင်းပြကုန်း ကျေးရွာမှ အိမ်ထောင်စု (၂၁၅)စု၊ လူဦးရေ (၁၃၇၄)ဦး တို့၏ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးများ အတွက် သွားလာရေး လွယ်ကူချောမွေ့ အဆင်ပြေလာမည် ဖြစ်ကြောင်း သိရပါသည်။

 

ခင်စန်းမြင့်( ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/23468