ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း နှင့်အဖွဲ့ မိုင်းခတ်မြို့နယ်ရှိ စီမံကိန်း လုပ်ငန်းခွဲများကို ကြည့်ရှု့စစ်ဆေး

Shan, 9 August 2020, SkyNet Media Coverage

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်ဝင်းဟာ ဩဂုတ်လ ၈ ရက်နေ့ မနက်ပိုင်းမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ ခရိုင် မိုင်းခတ်မြို့နယ်မှာ ဝန်ထမ်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ လိုအပ်တာတွေကို ပေါင်းစပ် ညှိနှိုင်း ပေးခဲ့ပါတယ်။

ဆက်လက်ပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းဟာ ပြည်နယ် ဦးစီးမှူး ဒေါ်ညွှန့်ကြည်၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးမင်းသန့်၊ ကျိုင်းတုံ ခရိုင် ဦးစီးမှူး ဦးကျုံးလျန်ဘွိုင်း၊ မိုင်းခတ်မြို့နယ် ဦးစီးမှူး ဦးရန်ကျော်နဲ့ တာဝန်ရှိသူတွေ လိုက်ပါပြီး၊ မိုင်းခတ်မြို့နယ် ဝမ်ခုတ်အုပ်စု ပင်းကွေ့လားဟူ ကျေးရွာမှာ ဆောင်ရွက်လျက် ရှိတဲ့ VRFP စီမံကိန်းကို ကွင်းဆင်း စစ်ဆေးရာ ကျေးရွာ ကော်မတီဝင်တွေက လက်ရှိချေးငွေ ထုတ်ချေးထားမှု အခြေအနေတွေကို ရှင်းလင်း တင်ပြကြပါတယ်။

အဲဒီကမှ တစ်ဆင့် Cash for Work စီမံကိန်း နဲ့ဆောင်ရွက်လျက် ရှိတဲ့ နောင်ဝိုင်ကျေးရွာပိုင် ငါးကန် ပြုပြင်ခြင်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုတွေကို ကြည့်ရှု့ စစ်ဆေး ရာမှာ စီမံကိန်း တာဝန်ခံက ရှင်းလင်းတင်ပြပါတယ်။

အဲနောက်မှာတော့ မိုင်းဟန်ကျေးရွာမှာ အမျိုးသား လျှပ်စစ်ဓါတ်အား ရရှိရေး စီမံကိန်း (NEP) ICB-3 နဲ့ အိမ်သုံး ဆိုလာ မီးလင်းရေး ဆောင်ရွက် ထားရှိတဲ့ အိမ်ထောင်စုတွေကို ကွင်းဆင်း စစ်ဆေးတယ်လို့ သိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

#CERP, #CFW, #DRD, #MOALI

Credit- SkyNet Media Coverage