မိုင်းခတ်မြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေ ပေးအပ်ပွဲနှင့် Cash for Work စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မိုင်းခတ် သြဂုတ် ၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်း ကြောင့် ကျေးလက်ဒေသများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်တိုင် ဆောင်ရွက်၍ လုပ်အားခထောက်ပံ့ပေးခြင်းဖြင့် ကျေးရွာနေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် Cash For Work စီမံကိန်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများ အတွက် လိုအပ်သောသွင်းအားစုနှင့် ငွေကြေး အရင်းအရင်းအနှီးများ ရရှိစေရန်ရည်ရွယ်၍ ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မိုင်းခတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ သည်။

 

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝန်းဆမ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေမှူး ဦးစိုင်းဆိုင်လွန်တို့က အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးရန်ကျော် က အကောင်အထည်ဖော် ဆောင်ရွက် မည့် Cash For Work စီမံကိန်းအကြောင်းများကို လည်းကောင်း၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ကျေးရွာ ရွေးချယ်ခြင်းနှင့် စီမံကိန်း ကျေးရွာများမှ ဆောင်ရွက်မည့် လုပ်ငန်းများ အကြောင်း ကိုလည်းကောင်း ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက ကျေးရွာ မတည်ငွေရန်ပုံငွေ စီမံကိန်း (VRFP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၅)ရွာမှသက်ဆိုင်ရာ ကျေးရွာ တာဝန်ခံများထံသို့ ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ပြီး Cash For Work စီမံကိန်းတာဝန်များ အား ပေးအပ်ခဲ့ကြ​သည်။

 

အဆိုပါ စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် စံသတ်မှတ်ချက်များဖြင့် Cash for Work စီမံကိန်း အတွက် တစ်ရွာကို ကျပ်သိန်း (၁၀၀) နှုန်းဖြင့် ကျေးရွာ(၅)ရွာကိုလည်းကောင်း ၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) ပါဝင်မည့် အိမ်ခြေ ၁၀၀ အထက်ကျေးရွာများကို ငွေကျပ်သိန်း ၃၀၀ ၊အိမ်ခြေ ၅၀ မှ ၁၀၀ အတွင်းရှိ ကျေးရွာများကို ငွေကျပ်သိန်း ၂၀၀ ၊ အိမ်ခြေ ၅၀ အောက်ကျေးရွာများကို ငွေကျပ် သိန်း၁၀၀ အား ကျေးရွာ (၁၁) ရွာတို့ကို မတည်ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

 

မိုးဒေ (ပြန်/ဆက်)

Ministry of Information

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/news/2976