ကောလင်းမြို့နယ်မှာ ရှိတဲ့ ကျေးရွာ ၆ ရွာမှာ Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

Cash for Work Activities in 6 Villages of Kawlin Completed

Sagaing, SkyNet Media Coverage

စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်းမြို့နယ်မှာ ရှိတဲ့ ကျေးရွာ ၆ ရွာမှာ ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ Cash for Work စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနကနေ သိရပါတယ်။

အဲဒီ ကျေးရွာ ၆ ရွာမှာ တောင်ပုတ်စု၊ ပဇင်းတာ၊ လှည်းပွဲ၊ စစ်တော၊ တောင်ကြား နဲ့ မောင်းကော် ကျေးရွာ တို့ ဖြစ်ပြီး၊ ရွာတွင်း လမ်းဘေး ဝဲယာ ရေနုတ်မြောင်း တူးဖော်ခြင်း၊ ဂျင်းမြေ ခင်းခြင်း၊ ကျောက်ရောမြေ ခင်းခြင်းနဲ့ အားကစားကွင်း ပြုပြင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ရာ အခုအခါ လုပ်ငန်း အားလုံး ရာနှုန်း ပြည့် ပြီးစီးပြီ ဖြစ်ပါတယ်။

ကျေးရွာ တစ်ရွာကို ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ပေးတာကြောင့် ကျေးရွာ ၆ ရွာအတွက် စုစုပေါင်း ကုန်ကျငွေကျပ် သိန်း ၆၀၀ ကို စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ဦးစီးအရာရှိ ဒေါ်ခင်နွယ်ဦးရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါးဇွန်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage