မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ရှိ ဘူတာသစ်ကျေးရွာနှင့် တဇန်းကျေးရွာတို့တွင် Cash for Work စီမံကိန်းကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်

ဂန့်ဂေါ ဩဂုတ် ၄

နိုင်ငံတော်အစိုးရကချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် ကိုဗစ်-၁၉ Economic Relief Plan (CERP)အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ် နေရေး အခက်အခဲများကို ကုစားနိုင်ရန်အတွက် ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Cash For Work စီမံကိန်းကို ခေါင်းတုံ ကျေးရွာအုပ်စု ဘူတာသစ် ကျေးရွာနှင့် တဇန်းကျေးရွာတွင် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည် ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ကာလတွင် ကျေးလက်နေပြည်သူများအား မိမိတို့၏ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် ကိုယ်တိုင်ဆောင်ရွက်၍ လုပ်အားခထောက်ပံ့ပေးခြင်းအစီအစဉ်ဖြင့် ပြည်သူများဝင်ငွေရရှိစေရန် ရည်ရွယ်၍ ခေါင်းတုံ ကျေးရွာအုပ်စု၊ ဘူတာသစ်ကျေးရွာနှင့် တဇန်းကျေးရွာတို့တွင် နိုင်ငံတော်ထောက်ပံ့ ငွေကျပ်သိန်း(၁၀၀)စီဖြင့် ရွာတွင်းလမ်းပြုပြင်ခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို အငယ်တန်း အင်ဂျင် နီယာ-၂ ဒေါ်မေဇင်မိုးက တာဝန်ယူ ဆောက်လုပ် နေခြင်းဖြစ်ကြောင်း သိရသည်။

ရွာတွင်းလမ်းပြုပြင်ခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများပြီးစီးပါက ဘူတာသစ်ကျေးရွာတွင်အိမ်ခြေ (၂၈)အိမ်၊ လူဦးရေ (၁၂၉)ဦးနှင့် အိမ်ခြေ (၂၃၁) အိမ်၊ လူဦးရေ(၁၀၃၈)ဦးတို့ကို အကျိုးပြုမည် ဖြစ်ပြီး ကျေးရွာလူထုကိုယ်တိုင်ဆောင်ရွက်နေမှုများအား မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ဇော်၊ ဂန့်ဂေါခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ထွေးနှင့်တာဝန်ရှိသူများတို့က ဩဂုတ်လ ၁ ရက်နေ့ နံနက် ၉ နာရီက ကွင်းဆင်း၍ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာလုပ်သားများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး အခက်အခဲများ၊ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/news/2494