ပြည်မြို့နယ် Cash for Work စီမံချက် လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

ကိုဗစ် ၁၉ ရောဂါကြောင့် ကျေးလက်နေ ပြည်သူတွေကို လူမှု စီးပွားဘဝ ထိခိုက်မှုတွေကို တုန့် ပြန် ဆောင်ရွက်သည့် အနေနဲ့ မိသားစု ဝင်ငွေ ရရှိရေးအတွက် ပဲခူးတိုင်း ဒေသကြိး ပြည်ခရိုင် ပြည်မြို့နယ်အတွင်း Cash for Work စီမံချက်နဲ့ ဝန်တင်ဆိပ်၊ ကြို့‌ခေါင်းသာ၊ ပျဉ်းပင်ကိုင်း ကျေးရွာတွေမှာ ကျေးရွာတွင်းလမ်း မြေနီ ခင်းခြင်း၊ ရေနုတ်မြောင်းတူးခြင်း၊ Box Culvert နဲ့ ရေပြွန် တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို စက်တင်ဘာလ ၇ ရက် မနက်က ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးသိန်း ထိုက်ဦး ဦးဆောင်တဲ့ အဖွဲ့ဟာ ပြည်မြို့နယ် ဦးစီးမှူး ဦးထွန်းကျော်ကျော် မျိုးနဲ့ ဝန်ထမ်းတွေ လိုက်ပါပြီးတော့ ကျေးရွာ ကော်မတီဝင်တွေနဲ့ အတူ စီမံကိန်း လုပ်ငန်းတွေ မြေပြင်မှာ ဆောင်ရွက် ထားရှိရာမှာ သတ်မှတ် အတိုင်းအတာ ပြည့်မှီတာ ရှိမရှိနဲ့ စာရင်း ဇယားတွေ M & E ပုံစံတွေကို စုံလင်အောင် ဖြည့်သွင်းထားတာ ရှိမရှိတို့ကို ကွင်းဆင်း ကြည့်ရှု့ရာ ပြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်း တာဝန်ခံ အင်ဂျင်နီယာတွေက လုပ်ငန်းတွေ ဆောင်ရွက်ထားရှိမှုနဲ့ စပ်လျဉ်းပြီးတော့ ရှင်းလင်း ခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - သူရိန် (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage