မောက်မယ် မြို့နယ် ဟမ်းဗွာကျေးရွာမှာ လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများအား လူထုစစ်ဆေးပွဲ ပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်း​ ခေးခရိုင် မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယ)နှစ်စက်ဝန်းနှစ်အတွက် လုပ်ငန်း ဆောင်ရွက်ပြီးစီးသွားခဲ့တဲ့ ကဒူး​ကြီးအုပ်စု ဟမ်းဗွာကျေးရွာမှာ လူထုစစ်ဆေးပွဲကို တော့ ဇူလိုင်လ ၂၇ ရက်နေ့က ကျင်းပြုလုပ်ခဲ့ပါတယ်။

ထိုကဲ့သို့ ဆောင်ရွက်ရာမှာ လူထုရဲ့ လုပ်ပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်မှုကို မြှင့်တင်ပေးရန်၊ ပွင့်လင်းမြင်သာမှု၊ ထိရောက်မှုနှင့် သက်ရောက်မှုတို့ကို တိုးမြှင့်ပေးရန်၊ ကျေးရွာစီမံခန့်ခွဲမှုအဖွဲ့များအနေနဲ့ ကျေးရွာလူထုအပေါ် တာဝန်ယူမှု ၊ တာဝန်ခံမှု သေချာစေရန် နဲ့ ကျေးရွာလူထုများမှ မိမိတို့ရဲ့ ထင်မြင်ယူဆချက်များကို ပိုမိုထုတ်ဖော် ပြောဆိုတတ်လာပြီး ဝေဖန်အကြံပြုချက်များကို လိုအပ်လျှင်ဖြေရှင်းရန် ရည်ရွယ်ချက်များဖြင့် ကျင်းပြုလုပ်ရခြင်း ဖြစ်ပါတယ်။

ယခုဒုတိယနှစ်စက်ဝန်းမှာ ကဒူးကြီး ကျေးရွာ အုပ်စု ဟမ်းဗွာကျေးရွာမှာ စိမ့်စမ်းရေသွယ်တန်းခြင်းနဲ့ ဂါလံ(၄၀၀၀) ဆန့် ရေစုကန် လုပ်ငန်းအား အကောင်အထည်​ ဖော်ဆောင်ရွက်ပြီးစီး ကြောင်း သိရပါတယ်။

သတင်း - မိုင်းဉာဏ်လင်း

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank