စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့တွင် Cash for Work စီမံကိန်းလုပ်ငန်းနှင့် စက်ရေတွင်း တူးဖော်နိုင်ရေး ကွင်းဆင်း တိုင်းတာစစ်ဆေး

ဝန်းသို ဇူလိုင် ၂၇

 

နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ Cash For Work စီမံကိန်း ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် သဖန်းဆိပ်ကျေးရွာတွင် Labour Intensive စနစ်အသုံးပြုကာ ကျေးရွာတွင်းလမ်းများ ဂျင်းမြေခင်းခြင်းနှင့် လမ်းဘေးဝဲ/ယာ ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့က မြို့နယ်ကျေးလက်ဦးစီးမှုး ဦးမြတ်မျိုးထွန်းနှင့် စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာ ဒေါ်အိမွန်ဟိန်းတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင်းလမ်း အရှည်ပေ ၄၀၀၀၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မကို ကျေးရွာဖွံ့ဖြိုး ရေးကော်မတီမှ ဦးဆောင်ကာ ကျေးရွာလူထုကိုယ်တိုင်ဆောင်ရွက်၍ စီမံကိန်းထောက်ပံ့ငွေမှ ၄၀ ရာခိုင်နှုန်း ကို ပစ္စည်း ဝယ်ယူရန် အသုံးပြုကာ ကျန် ၆၀ရာခိုင်နှုန်းကို လုပ်ငန်းတွင် ပါဝင် ဆောင်ရွက်ကြသော အိမ်ထောင်စုဝင်များကို လုပ်အားခပေးချေသည့် စနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယင်းလမ်းပေါ်တွင် လိုအပ် သော ရေပြွန် သုံးစင်း ကိုလည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း စီမံကိန်းတာဝန်ခံ ဒေါ်အိမွန်ဟိန်းထံမှ သိရသည်။

ထို့နောက် ဂျိုးတောင်ကျေးရွာ ၊ ခန္တီးဝံသာရာမကျောင်းတိုက်အတွင်း နွေရာသီသောက်သုံးရေပြတ် လပ်မှုမရှိစေရေးအတွက် ဆရာတော် အရှင်ခေမိန္ဒမှကြီးမှူး၍ အလှူရှင်များစုပေါင်းကာ စက်ရေတွင်းတူးဖော် နိုင်ရန် Facibilty Study (FS) ကွင်းဆင်းလေ့လာခြင်းကို တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/27/07/2020/id-25181