ပေါက်မြို့နယ် ကျားသိုက်ကျေးရွာ ရွာတွင်း ကွန်ကရစ်ရေမြောင်း လုပ်ငန်းအတွက် လူထု စစ်တမ်း ကောက်ယူ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ကို ပေါက်မြို့နယ် သပွတ်စုအုပ်စု၊ ကျားသိုက်ကျေးရွာ ရွာတွင်း ကွန်ကရစ် ရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ယခုအခါမှာအောင်မြင်စွာ ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်တဲ့အတွက် စီမံကိန်း လုပ်ငန်းခွဲတွေရဲ့ လုပ်ငန်း ဆောင်ရွက်မှုနဲ့ ငွေကြေး သုံးစွဲမှုတွေကို စီမံကိန်း လုပ်ငန်းစဉ် တစ်ခု ဖြစ်တဲ့ လူထု စစ်ဆေးပွဲတွေကို ကျေးရွာ ကြော်ငြာ သင်ပုန်းမှာ ကပ်တာ၊ လော်စပီကာနဲ့ ကြေညာတာ လုပ်ငန်းစဉ်နဲ့ ရလာဒ်အပေါ် ကျေးရွာ လူထုရဲ့ စိတ်ကျေနပ်မှု အပေါ် မဲပေးနိုင်ဖို့ အိမ်တိုင်ရာရောက် စာရွက်တွေ ဝေပြီး၊ ကောက်ယူခြင်းကို ဇူလှိုင် ၂၂ ရက်နေ့ မနက် ၈ နာရီ အချိန်က စတင်ပြီး ကျားသိုက်ကျေးရွာမှာ တာဝန်ကျ စီမံကိန်း ဝန်ထမ်းတွေနဲ့ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေက ဦးဆောင်ပြီး၊ ကျေးရွာ အတွင်းမှာ လှည့်လည် ဆောင်ရွက်ကြရာ လူထု ဗဟိုပြု စီမံကိန်း နည်းပညာအကြံပေး ကျားမရေးရာတာဝန်ခံ ဦးမျိုးဝင်းထွန်းနှင့် တာဝန်ကျဝန်ထမ်းများက အတူ လိုက်ပါ ကြီးကြပ်ပေးခဲ့တယ်လို့ သိရပါတယ်။

မဲပေး ရာမှာ အိမ်ထောင်စုပေါင်း ၈၈ စုမှ လုပ်ငန်းစဉ်အတွက်‌ ကျေးရွာလူထုမှမဲ‌ ပေးရာအလွန်ကျေနပ်မဲ ၉၃ မဲနဲ့ ၊ ရလဒ်တွင် အလွန်ကျေနပ်မဲ ၉၁ မဲ၊ ကျေနပ်မဲ ၂ မဲ ရရှိတယ်လို့ သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank