ဒုတိယ ဝန်ကြီး ဦးလှကျော်၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့်အဖွဲ့ မြန်အောင်မြို့နယ်ရှိ Cash for Work စီမံကိန်း လုပ်ငန်းခွဲများကို ကွင်းဆင်း ကြည့်ရှု့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သံယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နဲ့တာဝန်ရှိသူတွေဟာ ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီ ဝင်တွေနဲ့ အတူ ဩဂုတ်လ ဒုတိယပတ်က ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း ခွင့်ပြု ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက် လျှက်ရှိတဲ့ မျှင်ဝါးတောင် ကျေးရွာ ကျေးရွာတွင်း ချောင်းကျောက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ တွေကို ကွင်းဆင်း စစ်ဆေးခဲ့ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ရှိသူတွေ ရှင်းလင်း တင်ပြ ပေးခဲ့ပြီး၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို ဒုတိယ ဝန်ကြီးနဲ့ တာဝန်ရှိသူတွေက လိုက်လံ ကြည့်ရှု့ စစ်ဆေး ခဲ့ပါတယ်။

 

အဲဒီ ကျေးရွာ ချောင်းကျောက်ခင်းခြင်း လုပ်ငန်းဟာ အရှည် ပေ ၃၄၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ရှိပြီး၊ အခု ဘဏ္ဍာနှစ်မှာ Cash for Work စီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁၀၀ နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အင်ဂျင်နီယာတွေရဲ့ နည်းပညာ အကူအညီနဲ့ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပြီး၊ ကျေးရွာက ပါဝင်ဆောင်ရွက်သူ အားလုံးကို လုပ်အားခ အနေနဲ့ အနည်းဆုံး ကျပ် ၄၈၀၀ ကနေ အများဆုံး ငွေကျပ် ၆၀၀၀ အထိ ဒေသ ပေါက်ဈေးအတိုင်း လုပ်အားခ ပေးချေပြီး၊ ကျေးရွာသူ ကျေးရွာသားတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေဖို့ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က ပြောကြားပါတယ်။

 

သတင်း - ငြိမ်းသူ (စလင်း)

#CERP, #CFW, #DRD, #MOALI

Credit - SkyNet Media Coverage