လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြု စီမံကိန်း တနင်းသရောကျေးရွာမှာ စိမ့်စမ်းရေ သွယ်တန်းခြင်း ဆောင်ရွက်မည်

စိုက်ပျိုး​ရေး၊ ​မွေးမြူ​ရေးနှင့် ဆည်​မြောင်းဝန်ကြီးဌာန၊ ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာမှ အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေ​တဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်စက်ဝန်း) မှာ မဲပရ​ကျေးရွာအုပ်စု တနင်းသ​ရော​ကျေးရွာမှာ စိမ့်စမ်းရေ သွယ်တန်းခြင်း ဆောင်ရွက်နိုင်ဖို့ အတွက် ဇူလိုင်လ ၂၃ ရက်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ အင်ဂျင်နီယာ၊ မြို့နယ် နည်းပညာအကြံ​ပေး အင်ဂျင်နီယာ၊ လက်​ထောက်နည်းပညာမှူးတွေ၊ လူထုစည်းရုံး​ရေမှူးတွေ ​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးနဲ့ ကျေးရွာစီမံကိန်း အ​ထောက်အကူပြုကော်မတီဝင်တွေက အ​သေးစိတ် ပူး​ပေါင်းကွင်းဆင်း တိုင်းတာခဲ့ပါတယ်။

 

အဲဒီ စိမ့်စမ်း​ရေ သွယ်တန်းခြင်းကို ​​ဒေါ်နတောင်​တန်းပေါ်ကနေ တနင်းသ​ရော​ကျေးရွာအထိ ၅မိုင်ခန့်သွယ်တန်းတာ ဖြစ်ပြီး ​ ကျေးရွာ အိမ်​​ထောင်စု ၁၀၀ မှ လူဦးရေ ၅၂၀ ဦးအတွက် အကျိုးပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း - ခင်စန်းမြင့် (ပြန်/ဆက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank