အမျိုးသမီးများ ပူးပေါင်းပါဝင်မှု အခွင့်အလမ်း ဆိုင်ရာ ဆွေးနွေးပွဲ ဂွမြို့နယ်တွင် ကျင်းပ

ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းက အမျိုးသမီးများ ပူးပေါင်းပါဝင်မှု အခွင့်အလမ်း

ဆိုင်ရာ ဆွေးနွေးပွဲကို ဇန်နဝါရီလ ၃၀ ရက် မနက် ၉ နာရီက အောင်မင်္ဂလာ အစည်းအဝေး ခန်းမမှာ ကျင်းပ ပါတယ်။ ရှေးဦးစွာ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း

နည်းပညာ အကြံပေး အဖွဲ့မှ ကျား၊ မ ရေးရာ တာဝန်ခံ ဦးသန်းထိုက်စိုးက ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားပါတယ်။

 

ဆက်လက်ပြီးတော့ ဆွေးနွေးပွဲ စကားဝိုင်းကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း၊ မြို့နယ် အုပ်ချုပ်ရေးမှုး ဦးအောင်မျိုးနိုင်၊ မြို့နယ် ကျေးလက်ဒေသ

ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှုး ဦးစောဝင်း၊ မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ဦးစီးမှုး ဒေါ်တင်တင်ခိုင်၊ မြို့နယ် ဌက်ဖျားတိုက်ဖျက်ရေးအဖွဲ့

ဥက္ကဌ ဒေါ်ခင်တင့်မေနဲ့ တာဝန်ရှိသူတွေကိ ဆွေးနွေးကြပါတယ်။ အဲနောက်မှာတော့ အမျိုးသမီး ကွန်ယက်အဖွဲ့ဝင်များမှ သိရှိလိုသည်များကို

မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားကြပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank